Unicode
မှော်လောကရဲ့ချစ်ပုံပြင်🍁39🍁
နှစ်ပတ်ကြာပြီးနောက်
ဟုန်အိမ်တော်မှာ အထိကရုန်း ဖြစ်ပြီးနောက်ပိုင်း လေထုက ငြိမ်သက်သွားတယ်လို့ ဆိုရမည်။ ချူဝေ့ထုန်ကလည်း မော်ကျွင်းနဲ့အသာ အတူနေပြီး သစ်လွင်ခြင်းကျောင်းကို ပြန်မလာသလို ဟုန်မင်ကလည်း ဟုန်အိမ်တော်၌သာ ရှိနေသည်။
မိခင်ကို ဘယ်လိုကယ်တင်ရမလဲ ဟူသည့်အရာကို နေ့စဥ်နေ့တိုင်း တိုင်ပင်ဆွေးနွေးကာ နည်းလမ်းရှာနေကြသည်။ လူက အလုပ်ထဲ ဗျာများနေပေမယ့် တစ်ချက်တစ်ချက် တစ်စုံတစ်ယောက်ကို သတိရတဲ့စိတ်က ဝင်ရောက် နှောက်ယှက်သေးသည်။
တစ်ဖက်၌လည်း ရှန်ကုသည် ရေနတ်ဘုရားနန်းဆောင်အောက်ဘက်က ရေကန်အောက်တွင် စွမ်းအင်များတိုးတက်အောင် ကျင့်ကြံပြီး အလင်းတန်းတစ်ခုနှင့်အတူ ကောင်းကင်သို့ ဆန်တက်သွားလေပြီ။
ပြတင်းပေါက်ကနေတစ်ဆင့် ကြည့်နေသော ရေနတ်ဘုရားနှုတ်ခမ်းများ ပီတိအပြည့်ဖြင့် ကွေးတက်သွားသည်။ ဂျစ်ကန်ကန် တစ်ဇွတ်ထိုးကောင်လေးက ကောင်းကင်မြို့တော်ကို ဆန်တက်သွားလေပြီ။
အစိမ်းရောင်အလင်းတန်းကြီးအောင် သစ်လွင်ခြင်းမြို့က ကျောင်းသားများ အပြင်ထွက်လာ၍ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြသည်။ ရှန်ကု ကောင်းကင်မြို့တော် ရောက်သွားပြီ ဖြစ်သော်လည်း သူ့ကိုသယ်ဆောင်သွားတဲ့ အလင်းတန်းကတော့ ပျောက်မသွားသေး။
ဟုန်မင် ကောင်းကင်မြို့တော်ကို ဆန်တက်စဥ်ကလည်း အနီရောင်အလင်းတန်းကြီး ကျန်နေခဲ့တာ ဖြစ်သည်။ ထိုအလင်းတန်းက တစ်ရက်ကျော်သွားမှ ပျောက်သွားလိမ့်မည်။
ကောင်းကင်မြို့တော် တွင်။
"ကောင်းကင်ဧကရာဇ်ကိုဂါဝရပြုပါတယ်..."
"ထပါရှန်ကု....."ကောင်းကင်ဧကရာဇ်၏ ကြည်လင်သော အသံဆုံးတွင် ရှန်ကုသည် ဒူးတစ်ဖက်ထောက်ထားရာမှ ပြန်ထလိုက်သည်။ ကောင်းကင်ဧကရာဇ်က ပြုံးလျက် မှော်ကျောက်တုံးတစ်တုံးက ပေါ့ပါးစွာဖြင့် ရှန်ကုထံသို့ ပျံသန်းလာစေသည်။
![](https://img.wattpad.com/cover/241278448-288-k318067.jpg)
VOCÊ ESTÁ LENDO
မှော်လောကရဲ့ချစ်ပုံပြင် (Complete)
Ficção Históricaလူသားတို့နတ်လောကနဲ့မိစ္ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic ) လူသားတို့နတ်လောကနဲ့မိစ်ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic )