🍁46🍁

2.2K 282 1
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁46🍁

       စန်းပေါင်နဲ့ ရှန်ကု တောနက်ထဲက တစ်နေရာတွင် ဆုံကြသည်။ မှော်လွင်ပြင်ဒေသဟု ခေါ်တွင်ရခြင်းကတော့ မှော်စွမ်းအင်တွေ အမြဲတစေ ဖုံးလွှမ်းနေသောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ မှော်လွင်ပြင်ဒေသကတော့ ကြောက်ဖက်ဖွယ်ရာများနှင့် ပြည့်နှက်နေတာ အမှန်ပင်။

      ရုတ်တရက် မုန်တိုင်းထန်တော့မလိုလို လေပြင်းတွေ တိုက်ခတ်လာတာမျိုး၊ သေပြီးသားသူတွေကို မြင်နေရတာမျိုး ၊ ဤနေရာက တစ်ခါတရံ လူတွေရဲ့အကြောက်တရားကို ဝါးမျိုးတတ်တဲ့ စွမ်းအင်တွေလည်း ရှိတတ်သည်။

       ဆိုရရင်လည်း မိစ္ဆာဆိုးတွေချည်း ဆုနေတဲ့ နေရာကိုး။

"မင်းလည်း တစ်ယောက်တည်း ကျလာတာလား... "
"အင်း.... ငါတို့အခု ဘယ်ရောက်နေတာလဲ "

"မဟူရာ တောနက်ထဲမှာ.... "

       မှော်လွင်ပြင်ဒေသတွင် အန္တရာယ်များသည့် နေရာတော်တော်များများ ရှိသည်။ သို့အတွက် သူတို့ကို စွမ်းအင်လည်း မဖောက်ပြန်၊ မိစ္ဆာဆိုးလည်း မဟုတ်တဲ့ သူတို့ကတော့ သတိထား သွားလာရမည့် အခြေအနေ။

       မဟူရာတောနက် အလွန်တွင် သဲကန္တာရတစ်ခုရှိပြီး သဲကန္တာရကို ဖြတ်ပြီးရင်တော့ သလင်းပင်လယ်ကို ရောက်ရှိမည်ဖြစ်သည်။ နေရာတော်တော်များများက သတိထားရမှာချည်းပင်။ ခက်တာက လူသားတွေကို ဘယ်မှာ ဖမ်းထားလဲ မသိတာပင်။

"စန်းပေါင်.... မင်းချူဝေ့ထုန်နဲ့ ဆက်သွယ်လို့ရလား.... "

       စန်းပေါင်က ချက်ချင်းရပ်ကာ လက်စည်းတံဆိပ်ပုံ ဖော်လိုက်သည်။ ငွေရောင်အလင်းတို့ သူ့လက်ချောင်းများကြားမှ ပေါ်ထွက်လာပြီးနောက် တစ်ချိန်တည်းမှာပင် စန်းပေါင်နှုတ်ခမ်းတို့ ကွေးတက်သွား၏။

"စန်းပေါင်..... "

      ဟိုဘက်မှ ချူဝေ့ထုန်အသံသည် စန်းပေါင်လက်မှ ထွက်ပေါ်လာသည်။

"သခင်.... သခင်တို့ဘယ်မှာလဲ.... "
"ငါနဲ့မော်ကျွင်း တောနက်ထဲရောက်နေတာ... မင်းကော.... မင်းဘယ်မှာလဲ....."

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ