🍁30🍁

2.7K 330 6
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁30🍁

"မော်ကျွင်း?"

      ကျိုရိထင်း မာစပ်စပ် ရေရွတ်လိုက်သံ။ ချူဝေ့ထုန် ချက်ချင်းလှည့်၍

"စိတ်မဆိုးပါနဲ့....မော်ကျွင်းလို့ခေါ်တယ်ဆိုတာကကိုကိုကအကြီးလည်းဖြစ်...မိစ္ဆာတွေလေးစားရတဲ့သူ...လူတွေဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့သူလည်းဖြစ်တယ်လေ....အဲ့ဒါကြောင့်ကျွန်တော်ကအဲ့လိုခေါ်တာပါ...."
"ကောင်းပြီ....ထားလိုက်တော့...."

"ကိုကိုစိတ်မဆိုးတော့ဘူးမလား...."
"သစ်စေ့လေးကိုကိုယ်စိတ်မဆိုးရက်ပါဘူး...."

       ကျိုရိထင်းက ထိုသို့ဆိုကာ ခေါင်းငုံ့လာပြီး ချူဝေ့ထုန်လည်ပင်းကို နမ်းရှိုက်လာသည်။

"မော်ကျွင်း....."

       သူ့ရင်ဘတ်ကို စောင့်တွန်းလာတဲ့ လက်နှစ်ဖက်လုံးကို ဖမ်းဆွဲကာ ချုပ်ထားလိုက်သည်။ ချူဝေ့ထုန် လည်တိုင်ကို စိတ်ကြိုက်ခြယ်လှယ် နမ်းရှိုက်သည်။ ဝင်းမွတ်သည့် လည်တိုင်းက တက်လိုက်ကျလိုက်ဖြင့် အငြိမ်မနေတဲ့ လည်စေ့လေးကို နှုတ်ခမ်းဖြင့် ငုံထားလိုက်စဥ် ချူဝေ့ထုန်လည်း ငြိမ်သွား၏။

       ရုတ်တရက်

'ဒေါက်....ဒေါက်....'

       တံခါးခေါက်သံကြားတော့ ချူဝေ့ထုန် ထပ်ရုန်းသည်။ ကျိုရိထင်း၏နှုတ်ခမ်းပါးက လည်တိုင်ကနေတစ်ဆင့် သူ့ပါးပြင်ထိ တွယ်တက်လာစဥ်

"ကိုကိုဖယ်အုံး...."
"ကိုယ်ရှိနေတာလူသိသွားစေချင်လား...."

"??"
"ကိုယ်တံခါးကစည်းကိုဖယ်လိုက်တာနဲ့ကိုယ်တို့အ​ခြေအနေကိုအဲ့ဒီလူမြင်သွားမှာနော်....သစ်စေ့လေး...."

"ချူဝေ့ထုန်....."

       ရှန်ကုအသံ။

"မင်းအထဲမှာရှိလား...."
"ရှိတယ်....."

"ရေချိုးပြီးပြီလား....ငါထမင်းစားဆောင်မှာစောင့်နေမယ်"
"အင်း......လျို့ရွယ်ကော....."

       ချူဝေ့ထုန် စကားပြန်ပြောချိန် ကျိုရိထင်းလက်က လွတ်မြောက်နေပြီလို့ မထင်ပါနှင့်။ သူ့ခါး၊ သူ့လက်နှစ်ဖက်ကို ထိန်းချုပ်ခံထားရပြီး သူ့မျက်နှာအနှံ့ အနမ်းတို့ကျဲဖြန့်ခြင်း ခံနေရတာဖြစ်သည်။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Donde viven las historias. Descúbrelo ahora