🍁64🍁

1.9K 248 7
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁 64🍁

        နောက်တစ်နေ့သော နံနက်။
        ချူဝေ့ထုန်ထံ လျို့ရွယ်ဆီက စာတစ်စောင် ရောက်လာသည်။ သူမအမေ သက်သာကြောင်းနဲ့ ချူဝေ့ထုန်ကို အထူးကျေးဇူးတင်ကြောင်း စာရေးထားသည်။

        တစ်ခုကတော့ ပြီးမြောက်သွားပြီ။ တစ်ခုမကသော ပြဿနာတွေကတော့ ကျန်သေးသည်။

       ခရမ်းကြာနတ်မင်း၏ နန်းဆောင်တွင်။
       လေထုထဲ တစ်သီးတခြား တည်ရှိနေသော ကျွန်းကလေးသဖွယ် ခရမ်းကြာနတ်မင်း၏နန်းဆောင်ဆီသို့ စစ်နတ်ဘုရားလေး တစ်ပါးရောက်လာသည်။

       သူ့အတွက်ဆိုရင်တော့ ခရမ်းကြာနတ်မင်း၏ နန်းဆောင်က တံခါးမရှိ ဓားမရှိပင်။ ကြာကန်အပေါ်မှ ဖြတ်ဆောက်ထားသော နန်းဆောင်လမ်းအတိုင်း ဝင်လာခဲ့ပြီးနောက် အိပ်ပျော်နေဆဲ ချစ်သူလေး၏အိပ်ခန်းထဲ ဝင်လိုက်သည်။

       ချစ်သူလေးမှာ ခုတင်ထက်တွင် မှောက်လျက် အိပ်နေကာ ပျော့ပြောင်းသည့် ဆံနွယ်တို့က အိပ်ရာထက်ဖြန့်ကျဲလျက်။ ဟုန်မင် ခုတင်ဘေးတွင် ပထမဆုံးထိုင်လိုက်သည်။

"ရှောင်ကော....."

       အသံကြားတော့ မျက်ခုံးတစ်ဖက်က ပင့်တတ်သွားသော်လည်း မျက်လုံးကတော့ ပွင့်မလာသေး။

"ထချိန်ရောက်ပြီ...."
"မင်မင်လား...."

"အင်း....."
"အိုက်ယား....ငါ့အချစ်ဆုံးလေး ရောက်လာတာပေါ့...."

       ထ၍ ဟုန်မင်လည်တိုင်တွင် လက်နှစ်ဖက်ဆွဲချိတ်လိုက်ကာ ရင်ခွင်ထဲတွင် ထပ်မံအိပ်စက်ရန် ပြင်လိုက်သည်။

"ထတော့.... မနက်ဖြန် ဧကရာဇ်နဲ့လနတ်ဘုရားရဲ့ လက်ထပ်ပွဲရှိတယ်...."
"ဟင်...."

       ရုတ်တရက်ကြီး နားထဲဝင်လာတဲ့ သတင်းစကားကြောင့် အိပ်ချင်စိတ်များ ပြေကာ မျက်လုံးပြူးပြူးလေးဖြင့် ဟုန်မင်အား မော့ကြည့်လိုက်၏။ နဖူးပေါ် ဝဲကျနေသော ဆံနွယ်များကို ဟုန်မင်မှ လက်ချောင်းဖြင့် အသာဖယ်ပေးလျက်

"မသိဘူးလား....ဧကရာဇ်ဟောင်းက မဂ်လာရက် သတ်မှတ်ပေးလိုက်တာ...."

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Where stories live. Discover now