🍁33🍁

2.5K 306 5
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁33🍁

        ကျိုရိထင်း လက်သီးတင်းတင်းဆုပ်၍ အော်ဟစ်လိုက်သည်။

"ရှာစမ်း........."

       သူ၏အသံက သူရပ်နေတဲ့ တောင်ကမ်းယံကိုတောင် တုန်တက်သွားစေတဲ့အထိ အားကောင်းလှသည်။ သူရိုက်လိုက်လို့ ကျောက်ကြားထဲ ကျွံဝင်သွားတဲ့ သိမ်းငှက်မိစ္ဆာ၏ခေါင်းအရာကြီးသည် နှင်းတောင်ထိပ်တွင် အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်ခဲ့၏။

       သိမ်းငှက်မိစ္ဆာကို ရှာဖွေရန်အတွက် အစ်မဟွားက ဦးဆောင်သွားလေသည်။ မှော်နက်မြို့တော်မှာ အာဏာမက်မောသူများက ဆယ်ယောက်မကရှိသည်။ သူ့အနီးနားမှာ အမှုထမ်းနေတဲ့ မိစ္ဆာတွေကလည်း ယုံရတဲ့သူမရှိ။

       အစ်မဟွားတစ်ယောက်တည်းသာ သူယုံကြည်အားထားတဲ့သူ၊ အစ်မဟွားမှာ ယုံကြည်ရတဲ့ နောက်ထပ်လူတစ်ယောက် ရှိသေးသည်။ ထိုသူက နှစ်၅၀၀ ဝံပုလွေမိစ္ဆာဖြစ်ပြီး မိစ္ဆာဘုရင်ကို အထူးသစ္စာခံခဲ့တဲ့သူလည်း ဖြစ်၏။

      မိစ္ဆာဧကရာဇ် နဲ့ သိမ်းငှက်မိစ္ဆာ ထန်ရွှီးတို့ အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည့် သတင်းသည် ခဏအတွင်း မိစ္ဆာနယ်မြေတွင် ပျံ့လွင့်သွားသည်။ မိစ္ဆာဧကရာဇ်က သစ္စာဖောက်ကို ဘယ်လိုကိုင်ပေါက်လိုက်ကြောင်းကိုလည်း ဟေလင်းတကြော် အော်ပြောနေကြတော့သည်။

       မိစ္ဆာဧကရာဇ် သိမ်းငှက်မိစ္ဆာအား ပညာပြလိုက်တဲ့ကိစ္စက အခြားသော မိစ္ဆာများကို တစ်နည်းတစ်ဖုံ သတိပေးသလို ဖြစ်သွားတာမို့ အာဏာတပ်မက်လို့ အာခံချင်သူများလည်း ငြိမ်ကျသွားမှာ မလွဲမသွေပင်။ ထို့အပြင် သတိကြီးကြီးထားပြီး ဆောင်ရွက်ကြအုံးမှာလည်း သေချာသည်။

      သူတို့​ကြောက်ရွံတာက ကျိုရိထင်း၏ဓားနဲ့ ကျိုရိထင်း၏ဒေါသပင် ဖြစ်၏။ ကျွဲရိုင်းတစ်ကောင်လို ဒုန်းစိုင်းပြေးဝင်ပြီး ရန်မစသင့်တဲ့ အရာနှစ်ခုဟု မှတ်ယူထားကြသည်။

       ရေအောက်နန်းတော်။

"မော်ကျွင်းကိုဂါဝရပြုပါတယ်..."

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Место, где живут истории. Откройте их для себя