🍁76🍁

1.9K 239 5
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                           🍁76🍁

       ဝမ်းနည်းစရာ အဖြစ်အပျက်တွေ ဖြစ်သွားတာ မြန်ဆန်လွန်းသည်။ သန့်စင်ခြင်းတောင်ကနေ ပြန်ရောက်လာပြီးကတည်းက ငွေနဂါးနန်းဆောင်မှာ သူအိပ်ပျော်သွားတာ သုံးရက်လောက်ရှိပြီ။

        ကောင်းကင်သမားတော်က ပြောတာတော့ သူအရမ်းစိတ်ထိခိုက်နေလို့ ကောင်းကင်ခန္ဓာကိုယ် မရသေးလို့ ခံနိုင်ရည်မရှိတာဆိုပဲ။ သူပြောသားပဲ။ ကျိုရိထင်းထွက်သွားရင် သူခံနိုင်ရည် မရှိပါဘူးလို့။

        မနက်ခင်း အိပ်ရာနိုးလို့ ပထမဆုံး ရှာမိသူ၊ ထမင်းစားချိန်တိုင်း နှုတ်ခမ်းထောင့်လေးကို လာသုတ်ပေးတတ်သူ၊ လမ်းလျှောက်တိုင်း သူ့လက်ကိုအမြဲ ဆွဲထားပေးသူ၊ အိပ်ရာဝင်တိုင်း ရင်ခွင်ကျယ်ကြီးထဲ ဖက်အိပ်ပေးတတ်သူ ဘယ်မှာလဲ။

        ထိုနေ့က ကျိုရိထင်း သွေးအိုင်ထဲ လဲနေသော ပုံရိပ်ကို သူညတိုင်း အိမ်မက်မက်သည်။ အိမ်မက်ထဲမှာလည်း ကျိုရိထင်းကို မကယ်နိုင်ခဲ့ပြန်ဘူး။

        စန်းပေါင်တစ်ယောက်ကတော့ သူ့အနားမှာ အမြဲရှိနေပေးသည်။ ရေနတ်ဘုရားနဲ့ ရှန်ကုကလည်း အားပေးစရာ လာပြောရင်း သူ့ကိုနှစ်သိမ့်ပေး၏။

       သို့သော်။ လွမ်းတယ် ။ ကျိုရိထင်းနဲ့ ပတ်သက်တဲ့ အရာမှန်သမျှ လွမ်းတယ်။

"သခင်.... မှော်နက်မြို့တော်က သတင်းပို့လာတယ်.... အစ်မဟွားကို ရှာတွေ့ပြီတဲ့...."

       အိပ်ရာခင်းကို အသက်မဲ့စွာ ကြည့်နေသည့် မျက်လုံးများရှိ မျက်တောင်တို့ လှုပ်ခတ်လာသည်။

"သူ... "
"..."

"ဘယ်လိုနေလဲ"
"ခြေထောက်တစ်ဖက် ကျိုးသွားတယ်... မော်ကျွင်းနေရာက လပ်နေတော့ မှော်နက်မြို့တော်မှာ အာဏာလိုချင်သူတွေ များလာတယ်... "

"သွားရအောင်...."
"ဟင်...."

"ကိုကို့နေရာကို သွားကာကွယ်ရအောင်...."

       နှစ်ပတ်ကြာသွားပြီ။ နှစ်ပတ်ကြာပြီးနောက် ချူဝေ့ထုန် ပထမဆုံးအပြင်ထွက်သည့် အကြောင်းအရင်းက ကျိုရိထင်းနေရာကို ကာကွယ်ပေးဖို့အတွက်တဲ့လေ။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Tempat cerita menjadi hidup. Temukan sekarang