🍁23🍁

2.6K 345 6
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁23🍁

"ညလင်းပုလဲလေးအတိုင်းပဲ...."
"ဟုတ်တယ်...."

       ထို့နောက် ကျိုရိထင်းက ရေသူမလေးဘက်လှည့်၍

"ဘယ်လိုသုံးရတာလဲ"
"စွမ်းအင်သုံးပြီး'ဝိညာဥ်လောကတံခါးဖွင့်စေ'လို့သုံးခေါက်ရွက်လိုက်ရင်ပုလဲကဝိညာဥ်လောကကိုဆွဲခေါ်သွားပါလိမ့်မယ်...ဒါဆို....ခွင့်ပြုပါအုံး..."

       ရေသူမလေးက မြန်မြန်​ပြောပြီး မြန်မြန်ပြန်ထွက်သွားသည်။ ကျိုရိထင်း တစ်ခုခုခြိမ်းခြောက်ထားပြီဆိုတာ အတပ်ရိပ်မိတာကြောင့် ချူဝေ့ထုန် မျက်မှောင်ကျုံ့၍ ကြည့်မိသည်။ ဤသည်ကို အလိုမကျသော ကျိုရိထင်းက သူ့အနား တဖြည်းဖြည်း ကပ်လာ၍

"ဘာဖြစ်လို့လဲ..."
"ဘာမှမဖြစ်ဘူး....ကျွန်တော်အမေတို့နဲ့သွားတွေ့ရတော့မယ်..."

"ဒီကနေတွေ့လည်းရတယ်....သစ်စေ့လေးဒီညအိမ်မပြန်နဲ့....ကိုယ်နဲ့နေရမယ် အခုကိုယ်သွားစရာရှိတယ်သစ်စေ့လေးအိမ်မှာနေခဲ့...ဟုတ်ပြီလား"
"ဘယ်သွားမှာလဲ....ကျွန်တော့်မှာသူငယ်ချင်းနှစ်ယောက်ရှိတယ်...လျို့ရွယ်နဲ့ရှန်ကု...သူတို့ကျွန်တော့်ကိုရှာနေမလားမသိဘူး...အမေတို့ကိုအရင်သွားတွေ့လိုက်ပါမယ်"

"ခဏလေးပါပဲ....နော်... "
"အင်း...."

      ကျိုရိထင်း ထွက်သွားတော့ ချူဝေ့ထုန် ပုလဲကိုစိုက်ကြည့်ရင်း ကျန်ခဲ့သည်။ သို့သော် ကျိုရိထင်းက တစ်လှမ်းနှစ်လှမ်း လျှောက်ပြီးမှ နောက်ပြန်လှည့်လာကာ သူနဖူးထက် အနမ်းချွေသွား၏။

"ကိုယ့်ကိုစောင့်နေ...."

      ချူဝေ့ထုန် ခေါင်းငုံ့၍ ပြုံးလိုက်သည်။ တခြားသူအပေါ် အင်မတန်ရက်စက်တတ်တဲ့ သူက သူ့အပေါ်ဒီလိုကောင်းပေးတယ်၊ ဝိညာဥ်လောကကို သွားနိုင်တဲ့ ပုလဲလည်းယူပေးတယ်၊ မိဘတို့ရုပ်အလောင်းအိုးကိုလည်း ထားစရာနေရာပေးတယ် ။ အားလုံးက ပြည့်စုံလုံလောက်ပါပြီ။

       ဒီလောက်လုပ်ပေး တာနဲ့တင် လုံလောက်နေပါပြီ။

       သစ်လွင်ခြင်းမြို့။
       လျို့ရွယ် နဲ့ ရှန်ကု ချူဝေ့ထုန်အား နေရာအနှံ့ လိုက်ရှာပါသော်လည်း မတွေ့ချေ။ မိဘတွေကြောင့် ဝမ်းနည်းပူဆွေးနေတဲ့ သူငယ်ချင်းကို နှစ်သိမ့်ပေးရန် လိုက်ရှာနေပေမယ့် ထိုသူက ဘယ်ဆီရောက်မှန်းမသိ ပျောက်နေလေသည်။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Where stories live. Discover now