🍁71🍁

1.9K 239 0
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                         🍁 71🍁

       နောက်တစ်နေ့ နံနက်ခင်း။
       ကျိုးရှီကို မသွားခင် ရေနတ်ဘုရားနဲ့အတူ နံနက်စာစားနေချိန် ​စားနေချိန်ဖြစ်သည်။ ရေနတ်ဘုရားက ထူးထူးခြားခြား ဒီနေ့မှ သူ့ကိုဟင်းတွေ ခဏခဏကို ထည့်ပေးနေလေ၏။

"ရှစ်ဇွင်း..... ရှစ်ဇွင်းလည်း စားအုံးလေ...."
"အင်း ဟိုမှာတကယ်လို့ အရေးကြီးရင် အဲ့မှာပဲနားလိုက်...."

"ဟင် ကျွန်တော် ပြန်မလာရဘူးလား"
"သွားလိုက်ပြန်လိုက်နဲ့ ပင်ပန်းနေမှာပေါ့.... "

"ကောင်းပါပြီ ရှစ်ဇွင်း... "

        ရှန်ကုသည် ရေနတ်ဘုရားအတွက် ရေနွေးကြမ်းငှဲ့ပေးရင်း

"ချူဝေ့ထုန် အတိတ်မေ့သွားတဲ့အကြောင်း ရှစ်ဇွင်းကြာပြီးပြီလား"
"အင်း.... "

"သူ့မှာ မော်ကျွင်းရဲ့အိမ်မက်ဝိညာဥ် ရှိနေတာတောင် ချစ်သူတစ်ယောက်လုံးကို မေ့သွားရတယ်လို့...."

        ရေနတ်ဘုရားသည် ရှေ့ကသူလေး၏ ပါးစပ်ထဲ အသားတုံးတစ်တုံး ခွံလိုက်ရင်း

"သူမမေ့ဘူး...."
"ဟင် ကိုယ်အဲ့ဒီညက သူ့သွေးကြောကို စမ်းကြည့်တော့ ဆေးကိုသူ့အစွမ်းက ခုခံနိုင်တယ်... မေ့ချင်ယောင်ဆောင်နေတာ သူ့ကိုတစ်ယောက်ယောက်က စောင့်ကြည့်နေလို့ပဲ ဖြစ်မယ်...."

"အော်..... အဟား ကျွန်တော့်ရှစ်ဇွင်းက အရမ်းတော်တာပဲ "
"မင်းလည်း တော်ပါတယ်"

       မနက်စာစားပြီးနောက် ရှန်ကုလည်း သွားရန် အသင့်ဖြစ်နေပြီ။ ရေနတ်ဘုရားလည်း သစ်လွင်ခြင်းမြို့ကို ဆင်းရန်အတွက် တံခါးကို လျှောက်သွားနေပြီ ဖြစ်သည်။

"ရှစ်ဇွင်း အကယ်၍ ကျွန်တော်ပြန်မလာဖြစ်သေးရင် စာပို့လိုက်မယ်နော်"
"အင်း...."

       ရှန်ကုသည် အနောက်တစ်ခါ ပြန်လှည့်ပြီး ရေနတ်ဘုရားနှုတ်ခမ်းကို ဖိနမ်းလိုက်လေ၏။ တာဝန်အရ တစ်ရက်နှစ်ရက်ကလေး သွားရမှာကို မခွဲနိုင်မခွာနိုင် ဖြစ်နေတဲ့သူလိုပဲ။ သူ့ပုံစံက ခန့်မှန်းရခက်သည်။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Donde viven las historias. Descúbrelo ahora