🍁56🍁

2K 273 3
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁56🍁

      ချူဝေ့ထုန်မှာ စကားတစ်ခွန်းတောင် မဆိုနိုင်တော့ဘဲ စန်းပေါင်ကိုသာ ကြည့်နေသည်။ စန်းပေါင်ကိုယ်တိုင်ကလည်း သူယူလာတဲ့သတင်းက သေချာနေသည့်နှယ် မျက်တောင်မခတ် ပြန်ကြည့်နေရာ ချူဝေ့ထုန်နောက်ဆုံး ခေါင်းညိတ်လျက်သာ စိတ်ဖြေလိုက်ရ၏။

"သခင်.... အဆင်ပြေရဲ့လား "
"သူက အခုဘယ်မှာလဲ "

"သူက အခုမှော်လွင်ပြင်ဒေသကနေ လွတ်မြောက်လာပြီ.... "

       မှော်လွင်ပြင်ဒေသ ။ ဒါဆို အဲ့ဒီမိန်းကလေးက သူ့ပုံရိပ်ယောင်ထဲကို တကယ်ဝင်လာခဲ့တာပေါ့။ အပြင်မှာကော ကျိုရိထင်းကို ပြေးဖက်အုံးမှာလား။

       ချူဝေ့ထုန် ငေါက်ကနဲ ထလိုက်သည်။ သူဒီအတိုင်း ထိုင်ပြီးတော့ပဲ စဥ်းစားမနေချင်ပါ။ သူ့နှုတ်ကနေ 'မော်ကျွင်းကို ကျွန်တော်ချစ်တယ်'လို့ ပွင့်ပွင့်လင်းလင်း မပြောဖူးသော်လည်း သူ့နှလုံးသားက ကျိုရိထင်း မှ ကျိုရိထင်းဖြစ်နေတာ သူသိသည်။

      သူ့ခံစားချက်ကို သူ ရှင်းရှင်းလင်းလင်း သိနေပြီဖြစ်လို့ အဲ့ဒီမိန်းကလေး သူ့ဆီကနေ ကျိုရိထင်းကို လုယူသွားမှာ သူလုံးဝလက်မခံနိုင်ဘူး။ သူသည် ချက်ချင်းပင် မှော်နက်မြို့တော်သို့ ခုန်ဆင်းလာခဲ့သည်။

       ကောင်းကင်မြို့တော်မှာ ရာသီဥတုသာယာသော်လည်း မှော်နက်မြို့တော်မှာတော့ နှင်းတို့ကျဆင်းနေလို့ အိမ်တိုင်းက နှင်းတို့ဖုံးလွှမ်းနေ၏။ သစ်လွင်ခြင်းမြို့လိုပဲ မိစ္ဆာတို့ဒေသဟာလည်း စျေးရောင်းစျေးဝယ်သည့် နေရာများ ရှိလေသည်။

       ချူဝေ့ထုန်သည် နှင်းတွေကြားထဲ စျေးဝယ်စျေးရောင်း မပြတ်ကြသော လမ်းမတွင် ခဏပတ်ကြည့်နေလိုက်သည်။

'ဒုတ်....'

      သူလမ်းသွားနေတာကို တစ်စုံတစ်ခုက လာတိုးနေ၏။ သူအောက်ငုံ့ကြည့်လိုက်တော့ ယုန်ဖြူလေး။

"အယ်.... မင်းကငါ့ကို ဝင်တိုက်နေတာလား...."

      ချူဝေ့ထုန် ဖြူဖြူဖွေးဖွေး ယုန်လေးအား ကောက်ပွေ့လိုက်တော့ ခြေတစ်ဖက်က ဒဏ်ရာရနေတာ တွေ့ရ၏။ သူလည်း မနေနိုင်တာနဲ့ ယုန်လေးရဲ့ခြေထောက်ကို ကုသပေးလိုက်သည်။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ