Unicode
မှော်လောကရဲ့ချစ်ပုံပြင်🍁54🍁
ကျိုရိထင်းက ချူဝေ့ထုန် အနားကို ပို၍တိုးကပ်လာပြီး ချူဝေ့ထုန်ခေါင်းကို မလျက် လှဲထားသည့် သူ့လက်မောင်းပေါ် တင်လိုက်သောအခါ တစ်ဖက်ရင်ခွင်ထဲ အလိုလို ရောက်ရှိသွား၏။ ကျိုရိထင်း လက်တစ်ဖက်က သူ့ခါးကိုဖက်၍ အနားကိုပို၍ ဆွဲကပ်ထားလိုက်သည်။
သူတို့အတွက် အိပ်ရာခင်းတွေ ၊ စောင်တွေမလိုအပ်ပေ။ မြေကြီးက အိပ်ရာ ကောင်းကင်က စောင်နှင့် အနားမှာ ချစ်ရသူရှိနေရင် ဘဝက ပြည့်စုံပြီလို့ မှတ်ယူထားတာမျိုး။
တခြားသူများလည်း တစ်နေရာစီတွင် အနားယူနေကြ၏။ မှော်စွမ်းအင်များ ရစ်သိုင်းလို့နေတဲ့ ကောင်းကင်ကို တမေ့တမော ငေးကြည့်နေမိသည့် ချူဝေ့ထုန်သည် ကျိုရိထင်း ခေါ်သံကြားတော့မှ အသိပြန်ဝင်လာသည်။
"သစ်စေ့လေး.... "
"ဟင်.... ""ဖျက်စီးခြင်းမိစ္ဆာက မင်းကို ဘယ်ပုံရိပ်နဲ့ လှည့်စားလိုက်တာလဲ.... ကိုယ့်ကိုမလိမ်နဲ့နော်..."
"မလိမ်ပါဘူး သူပြတာက မော်ကျွင်းအရင်ဘဝက ဇနီးရှိခဲ့တဲ့ အကြောင်းပါ... ""ဒီကောင်တော့.... "
"ကိစ္စမရှိဘူး.... အဲ့ဒါတွေက လှည့်စားဖို့ သက်သက်ပဲလေ "ကျိုရိထင်းသည် နဂါးလေး၏နဖူးကို နမ်းရှိုက်ပြီး နဂါးလေးစိတ်အခြေအနေ ဘယ်လိုရှိလဲ သိချင်တာကြောင့် မေးခွန်းပြောင်းမေးလိုက်သည်။
"အကယ်၍ ကိုယ့်မှာရှိခဲ့တယ်ဆိုရင်ကော "
"အဲ့ဒါဆိုရင်တော့ မော်ကျွင်းကို ပြန်မေးရတော့မှာပဲ.... အခုဘယ်သူ့ကို ချစ်တာလဲ...."ကျိုရိထင်းက သူ၏အဖြေကို အနမ်းများဖြင့် သက်သေပြလာသည်။ ချူဝေ့ထုန်၏ နဖူး၊ နှာခေါင်း ပါးနဲ့ မျက်ခွံလေးများပါမကျန် နမ်းရှုံ့နေ၏။ နောက်ဆုံးမှ မြတ်နိုးရဆုံး နှုတ်ခမ်းလေးကို ဖိနမ်းလိုက်သည်။
"ကိုယ်ချစ်တာ မင်းကိုး.... အရင်ဘဝကို ကိုယ်မမှတ်မိဘူးဆိုပေမယ့် ကိုယ့်မှာအဲ့လိုအတိတ်မျိုး ရှိမယ်လို့တော့ မထင်ဘူး.... "
![](https://img.wattpad.com/cover/241278448-288-k318067.jpg)
YOU ARE READING
မှော်လောကရဲ့ချစ်ပုံပြင် (Complete)
Historical Fictionလူသားတို့နတ်လောကနဲ့မိစ္ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic ) လူသားတို့နတ်လောကနဲ့မိစ်ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic )