Unicode
မှော်လောကရဲ့ချစ်ပုံပြင်🍁73🍁
နောက်တစ်နေ့ နံနက်တွင်။
"မင်မင်.... မနက်စာရပြီ"
အဝတ်လဲနေဆဲ ဟုန်မင်သည် ခရမ်းကြာနတ်မင်း အသံကြားသောအခါ ခါးစည်းကြိုး ချည်လတ်စနဲ့ ထွက်လာ၏။
"အယ်..... မင်းဘာလုပ်တာလဲ...."
ခရမ်းကြာနတ်မင်းက အလျင်အမြန် ပြေးသွား၍ ဟုန်မင်၏ခါးကကြိုးကို ချည်ပေးနေမိသည်။ ရေနွေးပွဲ လာချပေးသည့် အစေခံမိန်းကလေးများက ပြုံးစိစိလုပ်ကာ ကြည့်သွားကြ၏။
ခရမ်းကြာနတ်မင်းက သူ့အား မော့ကြည့်ရင်း
"ဘာလို့ဒီအတိုင်း ထွက်လာတာလဲ"
"ရှောင်ကော ခေါ်လို့လေ....""အစေခံတွေ မပြန်သေးတာ မသိဘူးလား...."
"သူတို့ကျွန်တော့်ကိုကြည့်ပြီး ကြိုက်သွားမှာကို ကြောက်နေတာမလား...."အစေခံမိန်းကလေးများ ထွက်သွားပြီးနောက် နတ်သမီးရှန်းက ထပ်ဝင်လာ၏။ ထိုအချိန် ဟုန်မင်က ကြာပန်းလေးရဲ့ခါးကို ဖက်ကာသူ့အနားကို ဆွဲကပ်လိုက်စဥ် ကြာပန်းလေး၏လက်တွေကလည်း သူ့လက်မောင်းကို ဆုပ်ကိုင်မိလျက်သား ဖြစ်သွားသည်။
ဟုန်မင်၏ ကျန်လက်တစ်ဖက်က ကြာပန်းလေးရဲ့မျက်နှာကို ဆွဲမော့ယူလိုက်ပြီး အမြတ်တနိုးနဲ့ စကားဆို၏။
"သဝန်တိုတာလေးက ချစ်ဖို့ကောင်းတယ် "
တစ်ပြိုင်တည်း နှုတ်ခမ်းလွှာလေးအား ဖိကပ်နမ်းလိုက်ပါတော့သည်။ ကြည့်နေသည့် နတ်သမီးလေးသည် မျက်လုံးအစုံပြူးလျက် ကြက်သေသေနေသူလို ရပ်နေမိ၏။ လက်နှစ်ဖက်ကို တင်းတင်းဆုပ်လျက် ပြေးထွက်သွားချင်သည်။
သို့သော် ခြေထောက်က တစ်လှမ်းတောင် မရွေ့တော့ပေ။ ရုတ်တရက် သူမရှေ့က နန်းဆောင်တံခါးကြီး အလိုလိုပိတ်သွားသော အခါမှသာ မျက်ရည်လေးဝဲလျက် ပြန်ထွက်သွားရလေသည်။
နန်းဆောင်ထဲက အချစ်ငှက်နှစ်ကောင်၏ အနမ်းတို့ကတော့ ပိုလို့အရှိန်မြင့်လာသည်။ အပေါ်တစ်လှည့် အောက်တစ်လှည့် နမ်းပေးပြီး လျှာဖျားလေးကို သုံးကာ အတွင်းထဲထိ နမ်းရှိုက်ပစ်သည်။
![](https://img.wattpad.com/cover/241278448-288-k318067.jpg)
ŞİMDİ OKUDUĞUN
မှော်လောကရဲ့ချစ်ပုံပြင် (Complete)
Tarihi Kurguလူသားတို့နတ်လောကနဲ့မိစ္ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic ) လူသားတို့နတ်လောကနဲ့မိစ်ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic )