Unicode
မှော်လောကရဲ့ချစ်ပုံပြင်🍁92🍁
ကျိုရိထင်းက တစ်ဖန်ခေါင်းညိတ်ပြပြီးနောက်
"အဲ့တာတော့ မှန်တယ်.... ဖြစ်ရပ်မှန်မှတ်တမ်းစာအုပ်က ရှားပါးစာအုပ်ပဲ ဝိညာဥ်စွမ်းအင်ရှိတဲ့ဝါးကနေ လုပ်ထားတာဆိုတော့ ဖျက်စီးဖို့မလွယ်ဘူး.....စာကြည့်ဆောင်မှာရှိမရှိ မင်းတို့ရဲ့ငါးအိုကြီးကို သွားမေးကြည့်ပေါ့...."
ချူဝေ့ထုန် - "....."
ရှန်ကု - "....."
ကျိုရိထင်းက ကောင်းကင်ဧကရာဇ်ကိုတောင် ကောင်းကင်နတ်အိုကြီးလို့ ခေါ်တတ်တာသိသော ချူဝေ့ထုန်မှာ အသာသာပြုံးလိုက်ပါ၏။ လတ်ခနဲဖြစ်သွားတဲ့ အပြုံးတစ်ပွင့်ကို ကျိုရိထင်း အမိအရငေးကြည့်ပါသေးသည်။
ရှန်ကုမှာ ကျိုရိထင်းပြောတာ စာကြည့်ဆောင်က ငါးဖြူနတ်မင်းဖြစ်ကြောင်း နောက်ဆုံးမှာတော့ မိမိဘာသာပဲ နားလည်လိုက်ရပါ၏။
ရှန်ကုသည် ခေါင်းညိတ်ရင်းသာ
"ဟုတ်တယ် ငါသွားစုံစမ်းလိုက်အုံးမယ်.... ချူဝေ့ထုန် မော်ကျွင်း....နှုတ်ဆက်ပါတယ် "
"ကောင်းပါပြီ...."
"အင်း....."ချူဝေ့ထုန်သည် အပူပေးကျောက်များကို လက်ဝါးထဲတွင် ဖျောက်၍ ကျိုရိထင်းဆီ လျှောက်လာသည်။
"ကိုကို အရင်ကရှန်ကုကို စကားသိပ်မပြောပါဘူး...."
"ပြောချင်စိတ်ရှိသွားလို့.... မင်းလေးမကြိုက်ရင် ကိုယ်မပြောတော့ဘူး""အဲ့လိုမဟုတ်ပါဘူး.... "
"ဟုတ်ပါပြီ... ကိုယ်နားလည်ပါတယ် သွားကြတော့မလား""အင်း...."
ပန်းနုရောင်မကျတကျ မှော်ကောင်လေးပေါ် တက်၍ ရေခဲတောင်တန်းဆီသို့ ပျံသန်းလာခဲ့သည်။ ကောင်းကင်မြို့တော်နဲ့ အနည်းငယ် ဝေးကွာတာကြောင့် နေ့တစ်ပိုင်းလောက်တော့ သွားရမည်။
သလင်းနတ်ဘုရားမကို ရှာဖွေရုံသက်သက်ပဲ မဟုတ်ပါ။
နှစ်နာရီကြာ။
လေးနာရီကြာပြီးနောက် ရေခဲတောင်တန်းနားကို တဖြည်းဖြည်း တိုးကပ်လာခဲ့ပြီ။ ချူဝေ့ထုန်သည် ကြက်သွေးရောင်အပူပေးကျောက်ကလေးကို လက်ဝါးထဲတွင် ဖြန့်ထည့်ကာ ကျိုရိထင်းရင်ဘက်တွင် ကပ်ထားလိုက်သည်။
![](https://img.wattpad.com/cover/241278448-288-k318067.jpg)
YOU ARE READING
မှော်လောကရဲ့ချစ်ပုံပြင် (Complete)
Historical Fictionလူသားတို့နတ်လောကနဲ့မိစ္ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic ) လူသားတို့နတ်လောကနဲ့မိစ်ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic )