Unicode
မှော်လောကရဲ့ချစ်ပုံပြင်🍁89🍁
"ရေနတ်ဘုရား...."
"ဟုန်မင်... ဒေါသကိုထိန်းပါ ပန်းချီကားကို ဖျက်စီးလိုက်ရင် ခရမ်းကြာနတ်မင်းလည်း ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး...."ထိုအခါမှသာ ဟုန်မင်သည် သူ့ဓားကိုပြန်ဖျောက်လိုက်ပါသည်။ ပန်းချီကားထဲကို ဝင်ရန်လည်း နည်းလမ်းက မလွယ်ကူပေ။
ပန်းချီကားထဲတွင် တစ်စုံတစ်ယောက်ရှိနေကာ ထိုတစ်စုံတစ်ယောက်ကပဲ ခရမ်းကြာနတ်မင်းကို ဆွဲခေါ်သွားတာ ဖြစ်ပေသည်။ ထိုသူသည် ခရမ်းကြာနတ်ဘုရားဖြစ်ရမယ်လို့ ဟုန်မင်တွေးဆမိပြီးသား။
သို့သော် ထင်မြင်ချက်သက်သက်သာ ဖြစ်လို့ အတိအကျ မသိရသေးချေ။ ဟုန်မင်သည် ပန်းချီကားရှေ့တွင်ရပ်လျက် ခရမ်းကြာနတ်မင်းကို အဆက်မပြတ် အော်ခေါ်နေသည်။
ပန်းချီကားအတွင်းထဲထိ ပိတ်လှောင်မိနေသော ခရမ်းကြာနတ်မင်းသည် ဟုန်မင့်ခေါ်သံကို ကြားသော်လည်း ပြန်ထွက်လို့မရဖြစ်နေ၏။ သူ့အတွက် ဟုန်မင်အသံက နေရာအနှံ့ကနေ လာနေတဲ့အတိုင်းပဲ။
ရှေ့ကိုပြေးရင်လည်း အနောက်ကကြားရပြန်သည်။ ခေါင်းကိုဘေးစောင်းလိုက်ပြန်တော့လည်း နောက်တစ်ဖက်ကနေ ကြားရပြန်လေရာ ဘယ်ပြေးရမှန်းမသိ ဗျာများနေတော့သည်။
သူမြင်နေရတာက ဟာလာဟင်းလင်း ဘာအပင်ဘာမြေကြီးမှ ရှိမနေတဲ့ ရေပြင်တစ်ခုထက်တွင်ဖြစ်ပြီး သူရပ်နေတာကလည်း ရေပြင်ထက်တွင် ဖြစ်နေသည်။
"မင်မင်......"
"ခေါ်မနေနဲ့.... သူမင်းအသံကို မကြားရဘူး.... "
ကျောဘက်က အသံ။
"ဘယ်သူလဲ...."
သူလှည့်ကြည့်မိစဥ် ထိုသူကသူ့ကို ပြုံးပြနေပေ၏။ အမှန်ပင် သူ့အိမ်မက်ထဲမှာ တွေ့ခဲ့ရတဲ့ သူ။ ခရမ်းကြာနတ်ဘုရား ။ ခရမ်းရောင် ဝတ်ရုံစတို့သည် ရှည်လျားစွာ ဖြန့်ကျထားလို့ သူလမ်းလျှောက်စဥ် ဝတ်ရုံစက အနောက်တွင်လိုက်ပါလာ၏။
"ခရမ်းကြာနတ်ဘုရားလား"
"ငါက နတ်ဘုရား မဟုတ်ဘူး....""ဒါဆို...."
"ရှလန်....မင်းအခုတွေ့နေရတဲ့ သူတွေက မင်းအပေါ်အပြင်ပန်းပဲ ကောင်းကြတာ.. မင်းရဲ့သရုပ်မှန်ကိုသိရင် သူတို့ကမင်းကို သတ်ပစ်ကြမှာပဲ...."

ŞİMDİ OKUDUĞUN
မှော်လောကရဲ့ချစ်ပုံပြင် (Complete)
Tarihi Kurguလူသားတို့နတ်လောကနဲ့မိစ္ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic ) လူသားတို့နတ်လောကနဲ့မိစ်ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic )