🍁13🍁

2.7K 329 10
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                             🍁13🍁

       ချူဝေ့ထုန်သည် လက်ချောင်းနှစ်ချောင်းကို မြူခိုးမိစ္ဆာ၏ရင်ဘတ်တွင် ထိုးစိုက်နေသော နေရာသို့ထိကပ်လိုက်ပြီး ဖြည်းဖြည်းချင်း ဆွဲနှုတ်လိုက်သည့်အခါ ခရမ်းရောင် ကြာဖတ်ဖြစ်နေသည်။ ခရမ်းကြာနတ်မင်းရဲ့ကြာဖတ်တွေကလည်း ဓားသွားလို ပြတ်ရှတယ်ဆိုတာ သူအခုတွေ့မှပဲ ယုံတော့သည်။

       ဝမ်းဗိုက်ကဒဏ်ရာကိုလည်း ထိုနည်း၎င်း ဆွဲထုတ်ပေးလိုက်၏။

"ခရမ်းကြာဖတ်ကခန္ဓာကိုယ်ထဲမှာကြာကြာရှိနေရင်မင်းသေသွားလိမ့်မယ်...."

       မြူခိုးမိစ္ဆာက ချူဝေ့ထုန်အား ကြောင်ငေးကြည့်ရင်း မေးမိသည်။ သူအရမ်း သိချင်နေတာကြောင့်။

"မော်ကျွင်းနဲ့ဘယ်လိုပတ်သက်လဲ..."
"ဟင်....မင်းလည်းမော်ကျွင်းကိုသိတာလား..."

"ဟင့်....မော်ကျွင်းကိုမသိတဲ့သူရှိပါ့မလား...."
"အဟက်...ဟုတ်သားပဲ....ကျွန်တော်နဲ့သူကသိတယ်ဆိုရုံလောက်လေးပါပဲ...."

("သိတယ်ဆိုရုံလောက်ပဲလား")

"မင်းဒဏ်ရာမကြာခင်သက်သာသွားလိမ့်မယ်....ပြောပါအုံး....ဘာလို့အားနည်းတဲ့လူသားတွေကိုသတ်ချင်နေရတာလဲ"
"ဟား....ဟား....ဟား....အားနည်းတဲ့လူတွေဟုတ်လားအဲ့ဒီအားနည်းတဲ့သူတွေကပဲငါ့ကိုသတ်ခဲ့တာ....ငါရေလေးတောင်းမိတာဘာများမှားသွားလို့လဲသူတို့ကငါ့ကိုရေမပေးတဲ့အပြင်ရေနွေးပူနဲ့တောင်လောင်းသတ်ခဲ့သေးတာ..."

      ချူဝေ့ထုန် နားမလည်ပါ။ ထို့ကြောင့် အဖြစ်မှန်ကို ဖြည်းဖြည်း ရှင်းပြရန် ပြောလိုက်သည့်အခါ မြူခိုးမိစ္ဆာက ဤသို့ ပြော၏။

       တစ်ညနေတွင် ရွာကလူကြီးတစ်ယောက် ငါးဖမ်းရင်းမြေအိုးတစ်လုံး မျောလာတာ တွေ့လိုက်တာကြောင့် သိချင်စိတ်ဖြင့် သွားဆယ်ထားလိုက်သည်။ မြေအိုးထဲတွင် ငါးသေးသေးလေးပါနေတာကိုတော့ သူသတိမထားမိချေ။ ထိုသူသည် အိမ်ပြန်ရောက်တော့ ဇနီးသည်ကို မြေအိုးပေးလိုက်ပြီး အချဥ်ဖတ်တည်လိုရကြောင်း ပြောလိုက်သည်။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Место, где живут истории. Откройте их для себя