🍁14🍁

2.8K 346 11
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                            🍁14🍁

       ချုဝေ့ထုန် သူပြနေသည့်မြင်ကွင်းကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်သည်။ မိခင်ဆီက ရရှိထားသော အစွမ်းသည် မည်သူမျှ သူ့ရှေ့မှာအ​ယောင်ဆောင်မလုပ်နိုင်၊ ဖုံးကွယ်မထားနိုင်ပေ။ သူ့မျက်လုံးက အားလုံးကို ဖောက်မြင်ပြီးတာကြောင့်။ ထိုအစွမ်းနှင့် မြင့်မြတ်သော ငွေနဂါးအမြုတေ ပေါင်းစည်းလိုက်သည့်အခါ ကောင်းကင်မျက်လုံး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

"မော်ကျွင်း....အခုကျွန်တော့်ကိုယုံပြီလား..."
"ဟုတ်တော့ကောမင်းဘာသက်သေပြနိုင်မှာမိုလို့လဲ..."

"ကျွန်တော်ကြားထားတာရှိတယ်...မိစ္ဆာဘုရင်နဲ့ဘုရင်မသေသွားခဲ့ရတာကမသက်ာစရာကောင်းတယ်....အဲ့ဒီနှစ်ကမိစ္ဆာနဲ့လူတိုက်ပွဲဖြစ်ခဲ့တာလည်းတစ်ယောက်ယောက်ကချောက်ချခဲ့လို့ပဲဖြစ်မယ်....မော်ကျွင်း...."

       ချောက်ချခံရတယ်ဆိုတဲ့ အသံကြားတော့ ကျိုရိထင်းရဲ့မျက်နှာက အနည်းငယ် အရောင်ပြောင်းသွားသည်။

"မော်ကျွင်း....ကျွန်တော်ကို့အချိန်သုံးလပေးပါ....သုံးလ....သုံးလအတွင်းကျွန်တော်သက်သေရအောင်ယူလာခဲ့မယ်...."

      ကျိုရိထင်းက ပြုံး၍ ချူဝေ့ထုန်ကိုခါးကနေ ဆွဲယူ၍ အနားကပ်ထားလိုက်သည်။ ပြီးနောက် နှစ်ကိုယ်ကြား ကြားနိုင်လောက်တဲ့အသံနဲ့

"တကယ်လို့မင်းသက်သေမပြနိုင်ခဲ့ရင်...."

      အကွာအဝေးက အလွန်နီးကပ်နေပြီ။ သူ့ခါးပေါ်က ကျိုရိထင်း၏လက်သည် တင်းကျပ်လို့နေသည်။ ကျိုရိထင်းက သူ့အနားကပ်လာ၍ နားရွက်နားအထိ တိုးကပ်လာကာ နှစ်ကိုယ်ကြားအသံဖြင့် ဆို၏။

"ကိုယ်မင်းကိုလာသိမ်းမယ်...."
"ဟင်...."

"ဘာလဲ....မင်းသက်သေမပြနိုင်မှာကြောက်နေတာလား....ဒါမှမဟုတ်...ကိုယ့်ကိုကြောက်နေတာလား..."
"အဟက်....နှစ်ခုလုံးမဟုတ်ဘူး...ဒါဆိုကျွန်တော်လွှတ်ပေးတော့လေကျွန်တော်သွားတော့မယ်...."

"ဘယ်သွားမှာလဲ"
"ပြန်ရမယ်လေ...."

"နောက်တစ်ခေါက်တွေ့ရင်ဘာလုပ်မယ်လို့ပြောထားလဲ...."

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Tahanan ng mga kuwento. Tumuklas ngayon