🍁43🍁

2.6K 311 7
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁43🍁

"မော်ကျွင်း...."

      ချူဝေ့ထုန်က သူ့လက်ထဲတွင် ပါလာသော ကြောင်မျက်နှာဖုံး အရုပ်ကို ပြလိုက်သည်။ သူ့မျက်နှာတွင်လည်း ပုံစံတူ ကြောင်မျက်နှာဖုံးလေးကို တပ်ထား၏။ ကျိုရိထင်း ခါးကိုင်းပေးတော့မှ ချူဝေ့ထုန်က သူကိုယ်တိုင် တပ်ပေးလေသည်။

       ရှန်ကုကလည်း ပြန်ပြေးလာ၏။

"ရှစ်ဇွင်း....."

       ရှန်ကုလက်ထဲမှာ ပါလာတာက ကြေးခွံလေးတစ်ခု။ ရွှေငါးတစ်ကောင်ရဲ့ ကြေးခွံလို အရာမျိုး။ နောက်ထပ် ထူးဆန်းတာက မကောင်းတဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေတာပင်။

"ရွှေငါးမိစ္ဆာ...."
"ဟုတ်တယ်.... ရှစ်ဇွင်း... အခုလိုပွဲတော်နေ့မှာ သူကဘာလုပ်ချင်နေတာလဲ... ချူဝေ့ထုန်... မင်းကြည့်လို့ ..."

"မရဘူး....."

      ချူဝေ့ထုန် ဖြေလိုက်ခြင်း မဟုတ်ဘဲ မော်ကျွင်းက ဖြေလိုက်တာ​ဖြစ်သည်။ သူသည် စိုးရိမ်တတ်လွန်းသူလို ချူဝေ့ထုန်ရှေ့ လက်တစ်ဖက် ကာပေး ထားသေး၏။

       ချူဝေ့ထုန်က ပြောလိုက်သည်။

"ငါ့ရဲ့ကောင်းကင်မျက်လုံး စွမ်းအင်တွေ ကုန်သွားပြီ.... ထုတ်သုံးလို့မရတော့ဘူး...."

       သို့နှင့် ရှန်ကုက မော်ကျွင်းကိုသာ သူသိလိုသည့်အချက်ကို မေးမြန်းလိုက်၏။

"မော်ကျွင်း... ဒါမော်ကျွင်းရဲ့ ပိုင်နက်ထဲကလား...."

      ကျိုရိထင်းက ငါးကြေးခွံကို တစ်ချက်သာ ကြည့်ပြီး ခေါင်းခါပြသည်။

"ငါ့ပိုင်နက်က ဖြစ်နေရင်တောင် ဒီမှာဆိုးသွမ်းနေရင်တော့ မင်းတို့ကြိုက်သလို လုပ်နိုင်တယ်...  "
"အဲ့ကောင် ဘာရည်ရွယ်ချက်နဲ့ လာတာလဲ.... အခုချက်ချင်း တွေ့အောင်ရှာပြီး..."

"ကုအာ....."

      သွားရန် ပြင်နေသည့် ခြေလှမ်းတို့က ချက်ချင်းရပ်သွားသည်။

"ရှစ်ဇွင်း.... "
"ကောင်းကင်မြို့တော်က နတ်စစ်သူကြီးတွေ စောင့်ကြည့်​နေတယ်... ပွဲတော်နေ့မှာ အဲ့ဒါတွေဘေးဖယ်ထားလိုက်...."

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Where stories live. Discover now