🍁102🍁

1.8K 219 2
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁102🍁

"မှော်နက်မြို့တော်က ရာသီဥတုက အပြင်လောကနဲ့ အတူတူပဲနော်"
"အင်း...."

       ကျိုရိထင်းသည် အအေးဓာတ်ကြောင့် နီရဲနေသည့် နဂါးလေး၏ နှာခေါင်းလေးကို နူးညံ့စွာ နမ်းလိုက်သည်။

"အေးသေးလား"
"ဟင့်အင်း...."

       ကျိုရိထင်းသည် သူ့၏အနွေးဝတ်ရုံရှည်ကြီးကို ဆွဲဖွင့်လိုက်တော့ ချူဝေ့ထုန်က ပြုံးစိစိဖြင့် ထိုရင်ခွင်ထဲ ပြေးဝင်သွား၏။ သူဝင်လာပြီးသည်နှင့် ကျိုရိထင်းက အနွေးဝတ်ရုံကို ပြန်လွှမ်းလိုက်သောအခါ ချူဝေ့ထုန်တစ်ယောက် မြှုပ်သွားသည်။

       သူက ကျိုရိထင်းခါးကို မြဲမြံစွာ ဖက်ထားရင်း ရင်ခွင်တစ်ခု၏ကိုယ်နွေးငွေ့များကြား သာယာနေတယ်တဲ့လေ။ ချူဝေ့ထုန်ခန္ဓာကိုယ်သည် သေးသေးသွယ်သွယ်လေး ဖြစ်သလို တစ်ဖက်လူ၏ခါးကလည်း တုတ်ခိုင်ပြီးသေးတာမို့ ဖက်လိုက်တာနဲ့ သူ့နောက်ပါလာလေ၏။

       ပို၍တိုးဖက်လာသူလေးကို ကျိုရိထင်း တင်းနေအောင် ပြန်ဖက်လိုက်သည်။

"အင်း.....အွန်း အသက်ရှူကျပ်တယ်"

       ကျိုရိထင်း ပြန်လွှတ်ပေးတော့မှ နဂါးလေးက အမောက်ထောင်လာ၏။

"ဘာလို့အဲ့လောက်တောင် ဖက်ရတာလဲ... ထွက်ပြေးမယ့်သူ အတိုင်းပဲ "
"မင်းက ချစ်ဖို့ကောင်းနေတာကိုး...."

       ထိုစဥ် မှာထားသော စားစရာများ စားပွဲတွင်လာချပေးတာကြောင့် ချူဝေ့ထုန် စားပွဲဆီ ပြေးသွားသည်။ ကျိုရိထင်း လှမ်းဖမ်းတာတောင် မမိလိုက်ပေ။

       စားပွဲတွင် ပူပူနွေးနွေး ကျော်လာတဲ့ အကောင်သေးသေးလေးတွေ။ ချူဝေ့ထုန် တစ်ခါမှမမြင်ဖူး။

"ဒါကဘာကောင်လဲ....."

       ကြည့်လိုက်တော့ စားပွဲထိုးက ထွက်သွားလေပြီ။

"အယ်....ငါတောင်မမေးရသေးဘူး မင်းတို့ မော်ကျွင်းကို အဲ့လောက်တောင် ကြောက်ကြရလား...."

        ကျိုရိထင်းက စားပွဲဘေးက ထိုင်ခုံပုလေးမှာ ထိုင်၍ ချူဝေ့ထုန်ကိုလည်း ထိုင်ရန် မျက်ရိပ်ပြ၏။ ပန်းကန်ထဲက တစ်တဆစ်သာသာရှိသော မည်းမည်းအကောင်ငယ်လေးတွေကို သူ့မျက်လုံးတွေက မခွာသေး။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Hikayelerin yaşadığı yer. Şimdi keşfedin