🍁20🍁

2.8K 325 1
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                           🍁20🍁

       ရှန်ကု၏နှုတ်ခမ်းသားတို့က သူ့အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်းကို တစ်လှည့်စီ စုပ်ယူနေသည်။ ပြီးနောက် ပြန်ဆုတ်ခွာသွား၏။ ရေနတ်ဘုရားဆီက တုံ့ပြန့်မှုမရလိုက်တာကြောင့် ဖြစ်မည်။ ရေနတ်ဘုရား သူ့အားကောက်ပွေ့လိုက်သည်အထိ သူ့မျက်လုံးတွေ ရေနတ်ဘုရားဆီက မခွာသေးချေ။

"ရှစ်ဇွင်း.....ကျွန်တော်ရှစ်ဇွင်းကိုချစ်နေမိပြီထင်တယ်...."
"!!"

       ရေနတ်ဘုရား ခြေလှမ်းတို့ရပ်တန့်သွားသည်။

"ကျွန်တော်....ဟိုးအရင်ကတည်းကရှစ်ဇွင်းကိုငေးကြည့်နေခဲ့တာဘယ်သူဘာပြောပြောကျွန်တော်ရှစ်ဇွင်းကိုသဘောကျတယ်....ကျွန်တော်ရှစ်ဇွင်းကိုချစ်တယ်....ရှစ်ဇွင်းလက်မခံရင်တောင်ကျွန်တော်ရှစ်ဇွင်းဘေးမှာတိတ်တိတ်ကလေးနေချင်တယ်...."

       သူစကားပြောတာ ခဏလေးပဲ ရှိသေးသည်။ သူတို့ရှန်အိမ်အနားက တောအုပ်ကနေ ရေနတ်ဘုရား၏နန်းဆောင်ထဲအထိ ပြန်ရောက်သွားပြီဖြစ်၏။ ရှန်ကုကို ခုတင်ပေါ်ချပေးတော့ ရှန်ကုကရေနတ်ဘုရား၏လည်တိုင်ကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားသည်။

       အောက်ကိုဆွဲနှိမ့်လိုက်သည်နှင့် သူတို့နှစ်ယောက် နီးကပ်လို့သွား၏။

"အိမ်မက်လား.....အဟက်.....ရှစ်ဇွင်းကအနီးကပ်ကြည့်တော့အရမ်းချောတာပဲ...."

       အရက်တွေသောက်ပြီး ယောင်ရမ်းနေတဲ့ သူ့လက်တွေဖြုတ်ချရန် ပြင်သော်လည်း တစ်ဖက်ကလွှတ်မပေးချေ။ နီရဲနေသည့် ရှန်ကုနှုတ်ခမ်းသားတို့က သူ့ကိုဆွဲဆောင်နေသလို၊ သူ့အကြည့်တွေ ထိုနေရာကနေ မခွာနိုင်ပေ။ သူကြည့်ရင်းနဲ့ ရေတောင်ဆာလာသလိုပင်။

       ရေနတ်ဘုရားတစ်ပါးက တပည့်ရဲ့အလှကြောင့် ရေဆာရတယ်တဲ့လား။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။ သူ့အတွေးတွေ မရပ်တန့်နိုင်တော့ဘဲ သူ့အောက်ကလူသားလေး၏ နှုတ်ခမ်းတွေကို အပိုင်သိမ်းလိုက်လေတော့သည်။

"အွင်း......အု......"

       ကြမ်းတမ်းစွာ၊ အငမ်းမရစွာ နမ်းရှိုက်နေမိသည်။ အိမ်မက်နဲ့လက်တွေ့ မခွဲခြားနိုင်တော့သည့် ရှန်ကုသည် ရေနတ်ဘုရား၏အနမ်းကြမ်းများအောက် သတိအားလုံး လွတ်ထွက်သွားကာ ထိုအနမ်းများကို အဆုံးထိ တုံ့ပြန်နေ၏။ ခံတွင်းထဲထိ တိုးဝင်လာတဲ့လျှာတစ်ခုသည် ရှန်ကုနှုတ်ခမ်းတစ်ခုလုံးကို လွှမ်းမိုးပစ်သည်။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Where stories live. Discover now