🍁53🍁

2.1K 297 7
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                           🍁53🍁

      တစ်ဖက်တွင် ခရမ်းကြာနတ်မင်းက ဟုန်မင်အနားကပ်ကာ စကားတွေတောက်လျှောက် ပြောနေတာတွေ့လိုက်ရ၏။ ချူဝေ့ထုန်သည် သူ့လက်ကိုဆွဲထားသူအား လှည့်ကြည့်လိုက်သည့်အချိန် သူ့ရင်ထဲ မွန်းကျပ်သွားလေသည်။

       အဘယ်ကြောင့်ဆိုသော် ကျိုရိထင်းမျက်နှာသည် နီရဲလို့နေကာ ချွေးတွေလည်း ထွက်နေသေးသည်။ သူ့လက်တွေကို ဆုပ်ကိုင်ထားတာက တင်းကျပ်နေတာကို ခံစားမိ၏။ နောက်ပြီး ကျိုရိထင်းသည် တစ်ချက်တစ်ချက် ခေါင်းခါရမ်း၍ တစ်စုံတစ်ခုကို တွန်းကန်နေဟန် အနေအထားက မတည်ငြိမ်ပေ။

"စန်းပေါင်..... "

       စန်းပေါင်သည် ခရမ်းကြာနတ်မင်းအား ထိန်းထားလျက်ကနေ ချူဝေ့ထုန်ဘက်ကို တစ်ချက်လှမ်းကြည့်သည်။

       သူတို့အပေါ်က ကောင်းကင်သည် မည်းသထက်မည်းမှောင်လာပုံအရ သူပုံရိပ်ယောင်ထဲ ဆွဲသွင်းတဲ့သူတွေက သူ့ကိုပြန်တိုက်ခိုက်နေလို့ မခံမရပ်နိုင်အောင် ဖြစ်နေတဲ့ပုံပင်။

"သခင်... မော်ကျွင်းရဲ့ စိတ်ဝိညာဥ်ကမြင့်လို့ ပုံရိပ်ယောင်ထဲ မဝင်နိုင်သလို... ခန္ဓာကိုယ်ဆီလည်း ပြန်လာရခက်နေတာ...."
"ဘာ...."

"သခင် ပုံရိပ်ယောင်ထဲမှာ ဘာတွေခဲ့လဲ... "
"ငါ...."

       ကျိုရိထင်း နဲ့ ထိုမိန်းကလေး ဖက်ထားတဲ့ပုံတွေ။ သူ့နှလုံးသားက ဖော်ပြမရအောင် တင်းကျပ်လာသည်။ အဲ့ဒါက သူ့စိတ်ကို လှည့်စားခဲ့တယ်ဆိုတာ သိနေရက်နဲ့ ဝမ်းနည်းတဲ့စိတ်က ထိန်းလို့မရဘူး။

"မော်ကျွင်းကို မုန်းသွားအောင် လှည့်စားခဲ့တာလား... "
"ဆို ဆိုပါတော့.... "

"အဲ့ဒါဆို သူ့ကိုနမ်းလိုက်"
"ဘာ!"

       စန်းပေါင်၏ မထိန်းမချုပ် ပြောချလိုက်ပြန်တဲ့ စကားကြောင့် ချူဝေ့ထုန်မှာ ထိတ်လန့်သွားသည်။

"မင်းဘာတွေပြောနေတာလဲ စန်းပေါင်"
"အမုန်းကို အချစ်နဲ့ ပြန်ကုစားရတယ် သခင်ရဲ့.... "

"ဟာ..... "

"စန်းပေါင် ငါ့ကိုဓားပေး"
"အင်း.... "

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Where stories live. Discover now