🍁93🍁

1.9K 242 3
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁93🍁

        သလင်းနတ်ဘုရားမသည် လက်ထဲကပုလွေကို စားပွဲပေါ်တွင် ချလိုက်ပြီးနောက် ကျိုရိထင်း နဲ့ချူဝေ့ထုန်ကို တစ်ချက်ကြည့်သည်။

"အရိုးကြေအဆိပ်.... ဘယ်လိုဖြစ်တာလဲ "

       ထိုအခါ ချူဝေ့ထုန်က ဝင်ပြောသည်။

"သူကအရင်က ခရမ်းကြာနတ်ဘုရားပါ.... အကြောင်းတစ်ခုကြောင့် အခုနတ်မိစ္ဆာလို ဖြစ်နေပြီ....ပြီးတော့သူက ပန်းချီကားနန်းဆောင်ထဲက ပန်းချီကားချပ်တစ်ခုထဲမှာ ဝင်ပုန်းနေတာ....."
"နတ်မိစ္ဆာဆိုတာ အငြိုးအတေတွေများလွန်းလို့ မိစ္ဆာတစ်ပိုင်းနတ်တစ်ပိုင်း ဖြစ်သွားတဲ့သူပဲ...."

"ဟုတ်ပါတယ်.... အခုဧကရာဇ်နဲ့ ရေနတ်ဘုရားက သူ့ကိုချိတ်ပိတ်ထားတယ်....ပန်းချီကားထဲကနေ ထုတ်လာရင် အဆိပ်ကကပ်ရောဂါတစ်ခုလို ပျံ့နှံ့တော့မှာ ...."
"ဧကရာဇ်က သူ့ကိုချိတ်ပိတ်ထားတယ်? "

"ဟုတ်ကဲ့...."
"မဖြစ်ဘူး.... မင်းတို့ပြန်ရောက်ရင် ဧကရာဇ်ကိုသတိပေးလိုက်... မဖြစ်ပါဘူး ငါအခုပဲ စာရေးလိုက်မယ်"

       ပြောရင်းသူမသည် လျင်မြန်စွာဖြင့် လေထုထဲတွင် စာကြောင်းများစီကာ ရေးလိုက်သည်။

{"ဧကရာဇ်.... ကိုယ်ဝန်ဆောင်နေတဲ့ အချိန်အတွင်းမှာ ချိတ်ပိတ်စွမ်းအင်ကို သုံးလို့မဖြစ်ပါဘူး.... မဟုတ်ရင် ကလေးကော ဧကရာဇ်ကိုပါ ထိခိုက်နိုင်တယ်"}

       ပန်းနုရောင် ငှက်ကလေး ပျံသန်းသွားပြီးနောက်တွင် သူမသည် ချူဝေ့ထုန်လက်ဝါးကို ဆွဲယူ၍ စာလုံးအချို့ကို ရေးသားလေသည်။ သူမလက်ညှိုးကိုသားသုံးကာ ရေးသားခြင်း ဖြစ်၏။

       ထို့နောက် သူမက ချူဝေ့ထုန်အနားကပ်၍ တိုးတိုးတိတ်တိတ် စကားဆိုလိုက်လေသည်။ ချူဝေ့ထုန်က ခေါင်းညိတ်ပြပြီး

"ကျေးဇူးတင်ပါတယ် ကျွန်တော်အကောင်းဆုံး လုပ်ပါ့မယ်...."
"အင်း....အားလုံးပြီးသွားရင် မင်းတို့ငါ့ဆီလာလည်အုံးနော်"

"ဟုတ်ကဲ့...."

       သို့နှင့် ကျိုရိထင်းတို့နှစ်ယောက်သည် သလင်းနတ်ဘုရားမဆီကနေ ပြန်လည်ထွက်ခွာလာခဲ့လေသည်။ ရေခဲနန်းတော်ကို ဝင်အုံးမည်ဆို၍ ကျိုရိထင်းသည် ချစ်ရသူလေးကို ရေခဲနတ်ဘုရားနဲ့ မိတ်ဆက်ပေးဖို့ ဝင်ခဲ့ရသေးသည်။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Dove le storie prendono vita. Scoprilo ora