🍁57🍁

2K 278 10
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁57🍁

       နံနက်ရောက်သော်

       မော်ကျွင်းက သူ၏မှော်နက်မြို့တော်ကို ပြန်သွားရန် ပြင်ဆင်နေ၏။

"သစ်စေ့လေး.... ကိုယ့်ကိုဝတ်ရုံကြိုး လာချည်ပေးအုံးလေ...."

       သူပြောလို့ ချုဝေ့ထုန်သည် အပြင်ဘက်စားပွဲကနေ အိပ်ခန်းထဲကို ပြန်ဝင်လာရလေသည်။ အနှီးဧကရာဇ်ကြီးက သူ့ဘာသာ ချည်လို့ရလည်း ချူဝေ့ထုန်အကူအညီကို ယူချင်သေးတာပဲ။

      ချူဝေ့ထုန် ချည်ပေးမှ သူ့ဝတ်ရုံက မြဲမှာလိုလိုနဲ့။ သွယ်လျလျ လက်ချောင်းလေးတွေ သူ့ဝတ်စုံစပေါ် ရောက်လာသောအခါမှ ကျိုရိထင်းမျက်နှာက ပြုံးပြုံးကြီး ဖြစ်သွားသည်။

"သစ်စေ့လေး... ကိုယ်..."
"ကျွန်တော် ပြောစရာရှိတယ်"

"အင်း..."
"ကျွန်တော် လျို့ရွယ်နဲ့အတူ ကျိုးရှီကိုသွားလည်မလို့.... အကယ်၍ မော်ကျွင်းလာမယ်ဆို ကျိုးရှီကို လာခဲ့နော်.... "

"ကောင်းပါပြီ.... ကိုယ်ချစ်သူရှိရာကို ကိုယ်လာရမှာပေါ့... "

      မော်ကျွင်းသည် လူနဲ့မလိုက်အောင် ရက်စက်တတ်သလောက် စကားလှလှလေးတွေနဲ့လည်း ချူဝေ့ထုန်နှလုံးသားကို အမျိုးမျိုး ချုပ်ကိုင်ခြယ်လှယ်နေတော့သည်။ သေချာပါပြီ။ စကားတွေပြောတတ်လွန်းတဲ့ မိစ္ဆာဧကရာဇ်ရဲ့နှုတ်ခမ်းကို သူချစ်နေပြီ။

      ချူဝေ့ထုန် မော့ကြည့်လိုက်စဥ် ချစ်ခြင်းအပြည့် မျက်ဝန်းတွေနဲ့ တွေ့ဆုံးမိလေရာ ထပ်မံကောက်ချက်ချလိုက်တာက အဲ့ဒီမျက်လုံးတွေကိုလည်း သူချစ်နေမိပြီ။

"သစ်စေ့လေး.... ချူဝေ့ထုန်.... "

      ဒါသူ့နာမည်ကို မော်ကျွင်း ပထမဆုံးခေါ်တာ။ ချူဝေ့ထုန်သည် အံ့သြမင်သက်လို့ လည်ပင်းညောင်းလုမတတ် ငေးကြည့်နေမိဆဲ။ ကျိုရိထင်းက သူ့မျက်နှာကို လက်ခုပ်ထဲ ထည့်ကိုင်ထား၍ နဖူးထက်ကို အနမ်းတစ်ချက် ချွေသည်။

"ကိုယ့်ကိုယုံတယ်မလား... "
"သေချာပေါက်ပေါ့"

"အဲ့ဒီမိန်းကလေး ထပ်ပေါ်လာရင်လည်း ကိုယ်ညကရွေးချယ်မှုမျိုးပဲ လုပ်မိမှာ... အဲ့ဒါကြောင့် သစ်စေ့လေးကလည်း ကိုယ့်ဘေးမှာနေပေးနော်... အမြဲတမ်း ထာဝရ သစ်စေ့လေးသာ အနားမှာရှိရင် ကိုယ်အတွက်က အားလုံးအဆင်ပြေပြီးသား...."
"ကျွန်တော်ကိုကို့အနားမှာနေမှာပါ.... "

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Where stories live. Discover now