🍁21🍁

2.6K 340 6
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                            🍁21🍁

       ထပ်ပြောရရင် ချူဝေ့ထုန်က စွမ်းအင်အခြေတည်အဆင့်တောင် မရောက်ခဲ့ဖူးတာကိုး။ သူ့မှာ ကောင်းကင်မျက်လုံး ရှိနေတာ ဘယ်သူကယုံမှာလဲ။ ဒီအတိုင်း တခြားသူဆီက လုယူထားတယ်လို့ ထင်ကုန်ပေမည်။ ချုဝေ့ထုန် ဂရုမစိုက်ပါ။ သူသည် လက်ထဲက ပုလဲနီကိုတင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။

       မိမိ၏အမြုတေစွမ်းအင်များကို ထပ်ပေါင်း ရောနှောလိုက်သောအခါ ကောင်းကင်မျက်လုံး၏စွမ်းအင်တို့ ပေါ်ထွက်လာသည်။ မျက်သားအိမ်တစ်ခုလုံး ငွေရောင်ပြောင်းလဲသွားကာ မျက်လုံးမှကောင်းကင်သို့ ထိုးတက်သွားသည့် စွမ်းအင်တို့သည် ပုလဲနီပိုင်ရှင်နှင့် မိစ္ဆာမယ်တို့ တိုက်ခိုက်ခဲ့စဥ်က မြင်ကွင်းကို ပြသလေ၏။

       လောင်ချူ ပြေးလာစဥ် ပုလဲနီပိုင်ရှင်က ဓားတစ်လတ်ဖန်ဆင်း၍ လောင်ချူဘက်လှည့်လိုက်စဥ် ပေါ်လာသည့် မျက်နှာကြောင့် အားလုံးထိတ်လန့်သွားကြသည်။ သူတို့လုံးဝ မထင်ထားတဲ့သူတစ်ယောက်ပင်။ ရှန်ကုလုပ်ကြံခံရတုန်းက ဒေါသအထွက်ဆုံးက ရှန်သခင်မပင်။ အကယ်၍ ချူဝေ့ထုန်အမေကို သတ်မယ်ဆိုရင်တောင် ရှန်သခင်မပဲလုပ်မယ်လို့ထင်ထားတာ။

       သို့သော်

"ဘာကြောင့်လဲ....."

      မြင်ကွင်းကို ကိုယ်တိုင်မြင်နေရသူ ဟုန်မင်သည် အနောက်သို့ခြေတစ်လှမ်းပင် ဆုတ်သွားမိသည်။ ချူဝေ့ထုန်က စွမ်းအင်အားလုံးကို ရုတ်သိမ်းလိုက်ကာ မျက်ရည်ရွဲလျက် ဟုန်မင်ဘက်ကိုလှည့်၏။ သူလည်း မထင်ထားဘူးလေ။ မိမိတို့ကို လက်ခံပေးခဲ့တဲ့ ဟုန်အိမ်တော်က ဟုန်သခင်မဖြစ်နေလိမ့်မယ်လို့။

       ဟုန်မင် ချူဝေ့ထုန်၏ကောင်းကင်မျက်လုံးကို ယုံကြည်သလို ဒီကိစ္စ သူ့အမေလုပ်ခဲ့တယ်ဆိုတာလည်း သူမယုံပါ။ သူသည် ချူဝေ့ထုန်ဆီပြေး၍ ချူဝေ့ထုန်လက်မောင်းကို ဆုပ်ကိုင်လျက် ဆိုလာသည်။

"ထုန်အာ....ဒါမဖြစ်နိုင်ဘူး.....မဖြစ်နိုင်ဘူး....ငါ့အမေကဘာလို့မင်းမိဘတွေကိုသတ်ရမှာလဲကွာ..."
"ကောင်းကင်မျက်လုံးကမလိမ်ဘူး...."

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Où les histoires vivent. Découvrez maintenant