Unicode
မှော်လောကရဲ့ချစ်ပုံပြင်🍁84🍁
ဆေးနန်းဆောင်သို့ ရောက်သွားချိန်တွင် ကောင်းကင်သမားတော်သည် ဟုန်မင်ကို ဆေးဘူးများ ထည့်ပေးနေပြီ ဖြစ်သည်။ ထိုဆေးက ခဏတာထိန်းပေးထားရုံမျှသာ။ အဆိပ်ကိုတော့ မတွန်းထုတ်နိုင်ပေ။
အနည်းဆုံး နှစ်ရက်လောက်သာ ထိန်းထားပေးနိုင်၍ နှစ်ရက်ကုန်သွားရင်တော့ အဆိပ်က ပြန်ထလာမှာ ဖြစ်သည့်အတွက် အဆိပ်မိသူအနေနဲ့ ဖြေဆေးရှာမတွေ့မချင်း ဆေးဆက်သောက်နေရမှာပင်။
ဧကရာဇ်သည် ဆေးဘူးများစွာ ထည့်ထားသည့် သေတ္တာကို တစ်ချက်ငုံ့ကြည့်သည်။
"သမားတော် ဘာတွေလိုအပ်သေးလဲ..."
"ဧကရာဇ်ကို လျှောက်တင်ပါတယ်.... ဆေးတွေက ဆေးပေါင်းဖိုထဲမှာ ဖော်စပ်နေတုန်းပါ... အခုတော့ ထွေးထွေးထူးထူး မလိုအပ်သေးပါဘူး....""ကောင်းပြီ ဂရုစိုက်... "
"ဟုတ်ကဲ့....."ဟုန်မင်သည် သေတ္တာနှစ်လုံးကိုသယ်၍ ပြန်သွား၏။ ဧကရာဇ်က လိုအပ်သည်များ ကူညီပေးနိုင်ရန် နေချင်သော်လည်း လနတ်ဘုရားက ကလေးငယ်ကို အကြောင်းပြကာ ဧကရာဇ်ကို ပြန်ခေါ်သွားလေသည်။
အရှေ့ပိုင်းနယ်မြေ ။
နတ်တစ်ပိုင်း မိစ္ဆာတစ်ပိုင်းနဲ့ မကောင်းဆိုးဝါးကောင် ရောက်နေသည့် သတင်းကြားပြီးကတည်းက ပြည်သူများသည် စျေးတန်းများလည်း ပိတ်သိမ်း၍ အစားအသောက်တွေကို အထူးသတိထားနေကြရသည်။မကောင်းဆိုးဝါးကောင်က သာမန်ပြည်သူတွေကိုလည်း အဆိပ်မခတ်ဘူးလို့ မပြောနိုင်ဘူးလေ။ အရှေ့ပိုင်းနယ်မြေတွင် မဖြစ်မနေ အပြင်ထွက်ရန် လိုအပ်သည့် သူများကလွဲရင် ဘယ်သူမှမရှိတော့ချေ။
စစ်နတ်ဘုရား ဟုန်၏နန်းဆောင်ကိုလည်း စာလွှာတွေက အထပ်လိုက်ရောက်နေပြီ။ စာလွှာတွေကြည့်ကာ ခရမ်းကြာနတ်မင်း မသောက်ဘဲနဲ့တောင် မူးချင်သွားသည်။
အစားမတ်တဲ့သူလေးတောင် တစ်ခုခုဆို သတိထားနေရပြီလေ။
"ရှောင်ကော.... ကျွန်တော်ပြန်လာပြီ... "

BẠN ĐANG ĐỌC
မှော်လောကရဲ့ချစ်ပုံပြင် (Complete)
Tiểu thuyết Lịch sửလူသားတို့နတ်လောကနဲ့မိစ္ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic ) လူသားတို့နတ်လောကနဲ့မိစ်ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic )