Unicode
မှော်လောကရဲ့ချစ်ပုံပြင်🍁12🍁
မြူစိုင်းနေသော ရွာကလေးထဲ ဖြည်းဖြည်းချင်း ဝင်လာကြရာ လူတွေသည် သူတို့၏နေအိမ်မှာ တံခါးကိုအသာလှပ်ပြီး ချောင်းကြည့်ကြပေမယ့် မည်သူတစ်ဦး တစ်ယောက်ကမှ အသံမထွက်ရဲကြပေ။ အိမ်အပြင် မထွက်ရဲပုံထောက်ရင်တော့ မိစ္ဆာဆိုးက အပြင်ထွက်လာသူတိုင်းကို ဖမ်းစားတက်သည်ထင်၏။ လူနေအိမ်များတွင် စစ်သူကြီးလုံ၏ကာကွယ်ရေး အင်းရွက်ကပ်ထားတာ တွေ့ရသည်။
ရှန်ကုက ဆိုသည်။
"အစ်ကိုကြီးမင်....မိစ္ဆာနံ့ကပြင်းလိုက်တာ...."
ဟုန်မင်က ခေါင်းညိတ်ပြပြီး
"သတိထား.....ဒါအဆင့်၁မိစ္ဆာပဲရှိသေးတယ်...."
"မိစ္ဆာတွေမှာအဆင့်တွေခွဲခြားထားတာရှိသေးတာလား""ရှိတယ်....ဒီအနံ့ကိုမှတ်ထား....အဲ့တာပထမအဆင့်ပဲ....မိစ္ဆာတွေမှာအဆင့်၈ဆင့်ရှိတယ်... မော်ကျွင်းကအဆင့်၈ပဲ...."
မော်ကျွင်းအသံကြားတော့ ချူဝေ့ထုန်က လှည့်ကြည့်လာသည်။ အဆင့်၁တောင် တစ်ရွာလုံးကို ဒုက္ခရောက်အောင် လုပ်နိုင်နေတာ မော်ကျွင်းသာဆို ရင်ဆိုင်ရခက်ပြီပေါ့။ မော်ကျွင်းနဲ့ တိုက်ခိုက်နိုင်တာတော့ ကောင်းကင်ဧကရာဇ်သာ ရှိလိမ့်မည်။
ရုတ်တရက် အမည်းရောင်အရိုးခေါင်း အငွေ့တို့သည် သူတို့ရှိရာသို့ အပြေးနှင်လာကြသည်။ ကျောင်းသားတို့လည်း ဓားဆွဲထုတ်၍ ခုခံကြ၏။ ထိုမည်းမည်း အငွေ့များသည် လူသားတွေအပေါ် ဘယ်လောက်ပဲအငြိုးကြီးနေပါစေ လူသွေးတစ်ဝက်ပါတဲ့ ချူဝေ့ထုန်ကိုတော့ မထိရဲပေ။ ချူဝေ့ထုန်သည် လက်ဝါးထက်တွင် စွမ်းအင်တို့အား စုစည်း၍ ထိုအရိုးခေါင်းအငွေ့တို့ကို ဖယ်ရှားပေးသည်။
သူတို့အဖွဲ့ မိစ္ဆာတွေနဲ့တိုက်ခိုက်နေတာမြင်တော့ ရွာသားတို့လည်း အသီးသီး ချောင်းကြည့်လာကြသည်။ ကျောင်းသားများအားလုံး ကျောချင်းကပ်လျက် အနေအထားဖြစ်သွားစဥ် ဟုန်မင်သည် လေပေါ်ခုန်တတ်သွားပြီး လေထဲတွင် မန္တာန်တစ်ခုကို ရေးဆွဲနေ၏။

أنت تقرأ
မှော်လောကရဲ့ချစ်ပုံပြင် (Complete)
أدب تاريخيလူသားတို့နတ်လောကနဲ့မိစ္ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic ) လူသားတို့နတ်လောကနဲ့မိစ်ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic )