🍁50🍁

2.3K 288 7
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁50🍁

       လမ်းတစ်ဝက်ရောက်သော်

'ဝှီ.....'

       ဖျတ်ခနဲ ဖြတ်သွားသော အရိပ်ကြောင့် အားလုံးသည် လက်နက်ကိုယ်စီ ပြင်ထားကြ၏။ အရိပ်များသည် တဖြည်းဖြည်း များပြားလာလေရာ သူတို့လည်း ခြေလှမ်းသွတ်သွတ် လျှောက်ရတော့သည်။

"ရှစ်ဇွင်း.... ခြေထောက်ကို သတိထား.... "

       တစ်ချို့နေရာတွေဆို မြေကြီးထဲကနေ လက်တွေထွက်လာပြီး သူတို့ဝတ်ရုံစတွေ ​ခြေထောက်တွေကို ဖမ်းဆွဲထားတတ်သည်။ ဓားအသင့်ပြင်လျက် ထိုမိစ္ဆာလက်များကို ဖြတ်ထုတ်ရသည်။

       ရုတ်တရက်

'ဝုန်း...... '

'ဝုန်း..... '

"ဘာဖြစ်တာလဲ"

       ရှလန်က ထိတ်လန့်စွာဖြင့် ထအော်သည်။ ဝုန်းဝုန်းဝုန်းဟူသော မြည်သံကြီးကြောင့် သူတို့အဖွဲ့သာမက မိစ္ဆာတွေလည်း သူတို့ဘေးတွင် ဝန်းရံလျက်သား ရပ်နေကြ၏။ နားစွင့်ကြည့်လိုက်တော့ တောင်ထိပ်က လာနေတဲ့ အသံဖြစ်သည်။

       တိုက်ခိုက်သံ မဟုတ်သော်လည်း တစ်စုံတစ်ယောက် စိတ်ရူးပေါက်ကာ စွမ်းအင်လက်ဝါးတွေ ရိုက်ပုတ်နေခြင်း ဖြစ်မည်။ မြည်သံက ကျယ်လောင်သည့်အပြင် မြေကြီးကိုတောင် တုန်ခါသွားစေသည်။

'ဝုန်း.... '

"ဘာတွေဖြစ်နေတာလဲ.... "
"တောင်ထိပ်မှာ တစ်ခုခုရှိနေတာလား.... "

      ဟုန်မင်မေးသံကြားတော့ ကူယန်က လှည့်လာကာ

"တောင်ထိပ်မှာ သဲမိစ္ဆာရဲ့နန်းတော်ကြီး ရှိတယ်.... "

      ထိုစဥ် ဝန်းရံလာသော မိစ္ဆာများက တစ်စတစ်စနှင့် ပိုမိုများပြားလာတာ တွေ့ရသည်။ တစ်အုပ်စု တစ်အုပ်စုဖြင့် ကြာပွင့်လေးပွင့်အလယ်က အဖွဲ့ကို ပြေးပေါက်မရှိအောင် ပိတ်ရပ်ထားကြ၏။

      နီရဲနေသည့် မျက်လုံးတွေသာ ရှိသည့် မီးခိုးမိစ္ဆာများ ၊ သစ်ပင်တွေပေါ်ကနေ တွယ်ဆင်းလာတဲ့ လျှာတန်းလန်းမိစ္ဆာတွေ ၊ ကြောက်မက်ဖွယ် သားရဲကြီးတွေ ဝန်းရံလာကြလေသည်။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Onde histórias criam vida. Descubra agora