🍁28🍁

2.6K 327 1
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                           🍁28🍁

       ညဖက်ရောက်သော်။
       အိမ်မက်ခြောက်လန့်ခြင်းမိစ္ဆာကို ဂရုမစိုက်ဘဲ ယခင်လို အေးဆေးစွာ အိပ်စက်နေကြဆဲ။ အိမ်မက်ခြောက်လန့်ခြင်းမိစ္ဆာက ကျိုရိထင်၏နယ်မြေတွင် နေခြင်းမဟုတ်ပေမယ့် သူသည် မိစ္ဆာဖြစ်နေတာကြောင့် မော်ကျွင်းကိုတော့ သိထားသူဖြစ်သည့်အပြင် မော်ကျွင်းဘယ်သူ့ကို ကာကွယ်ပေးနေတယ်ဆိုတာလည်း သူသိသည်။

       ကောင်းကင်မြို့တော်သို့ တက်ခွင့်ရသူတိုင်းက အိမ်မက်ဝိညာဥ်ဟူသော ဝိညာဥ်စွမ်းအင်တစ်မျိုးကို ပိုင်ဆိုင်ထားကြသည်။ အကြောင်းမှာ သူတို့သည် အိမ်မက်ထဲတွင် ဝိညာဥ်စွမ်းအင်တိုးပွားလာအောင် ကျင့်ကြံနိုင်တာကြောင့်ပင်။ ဆိုရရင် အိမ်မက်ဝိညာဥ်က ကောင်းကင်သားတို့အတွက် ဒုတိယအသက်ဝိညာဥ်ဆိုလည်း မမှားပေ။

       အိမ်မက်ခြောက်လန့်ခြင်းမိစ္ဆာက သူတို့အိပ်နေချိန်အတွင်း သူတို့၏အိမ်မက်ထဲကို ဝင်ရောက်မည်၊ အိမ်မက်ထဲမှာ ကျင့်ကြံထားသမျှကို ဝါးမျိုစားသောက်မည်၊ အကယ်၍ ထိုသူကအကာအကွယ် အစီးအတားချထားပါက ထိုသူကိုအိမ်မက်ဆိုးဖြင့် ထပ်မံခြောက်လန့်လိမ့်မည်။

"ဟင်....."

       တစ်ဖက်အခန်းဆီမှ အသံကြောင့် ရှန်ကု နိုးလာခဲ့သည်။ ရေနတ်ဘုရားနန်းဆောင်တွင် မျက်နှာချင်းဆိုင် အိပ်ခန်းနှစ်ခန်းရှိပြီး အလယ်တွင်တော့ လက်ဖက်ရည်ပွဲတည်းခင်းသည့် နေရာရှိနေ၏။ ရှန်ကု ထိုစားပွဲဘေးကနေ ဖြတ်လျှောက်ပြီး တစ်ဖက်အခန်းတံခါးကို ဖွင့်ကြည့်လိုက်သည့်အခါ

"ရှစ်ဇွင်း....."

       အိပ်ရာထဲတွင် ငုတ်တုတ်ထထိုင်၍ ငြိမ်နေသူ။ ရှန်ကု အခန်းထဲဝင်ကာ ရေနတ်ဘုရားရှိရာသို့ အမြန်ပြေးသွားလိုက်သည်။ သူသည် ခုတင်အောက်တွင် ဒူးထောက်လျက် ရေနတ်ဘုရားအား ကြည့်နေ၏။

"ရှစ်ဇွင်း....ဘာဖြစ်လို့လဲ...."

       ရှန်ကု အဝတ်တစ်ခုယူလိုက်သည်။ ရေနတ်ဘုရား နဖူးထက်ရှိ ချွေးစများကို ညင်သာမှုအပြည့်ဖြင့် သုတ်ပေးနေသည်။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Où les histoires vivent. Découvrez maintenant