Unicode
မှော်လောကရဲ့ချစ်ပုံပြင်🍁98🍁
စစ်နတ်ဘုရားဟုန်၏ နန်းဆောင်တော်ရှိ နံနက်ခင်းအစတွင်။
"မင်မင်!"
ခရမ်းကြာနတ်မင်း၏ အထိတ်တလန့်အော်သံကြီးကြောင့် ဟုန်မင်မှာ ဓားတစ်လတ်ကို စစ်ဆေးကြည့်နေရင်းမှ ထိတ်လန့်သွားရသည်။ သူသည် အိပ်ခန်းထဲသို့ အမြန်ပြေးကြည့်တော့ ကြာပန်းလေးက ငုတ်တုတ်ထိုင်လျက် မောဟိုက်နေသည်။
"ရှောင်ကော...."
"မင်မင် မင်းဘာလုပ်နေတာလဲ....ငါအိပ်ရာနိုးတော့ မင်းကိုမတွေ့ဘူး....""တောင်းပန်ပါတယ်.... ကျွန်တော် ဟိုဓားကို စစ်ဆေးနေတာနဲ့....ရှောင်ကော အရမ်းလန့်သွားလား"
"ငါခဏခဏ အိမ်မက်ဆိုးတွေ မက်နေတာ....မက်တိုင်းလည်း ငါမင်းကိုထိခိုက်မိနေတာ...""အိမ်မက်ဆိုတာကို တကယ်လို့ မမှတ်ယူလိုက်ပါနဲ့ရှောင်ကော... ကျွန်တော့်ကိုချစ်ရင် ကျွန်တော့်လက်ကို ယုံယုံကြည်ကြည်နဲ့ တွဲလိုက်ပါ....ကျွန်တော်ရှောင်ကောကို ကာကွယ်ပေးမယ်"
"အင်း...."ခရမ်းကြာနတ်မင်းသည် ခေါင်းတစ်ချက် ညိတ်ပြရင်း ဟုန်မင့်လက်ကို ပြန်၍ ဆုပ်ကိုင်လိုက်သည်။ မနက်ခင်းတိုင်း ခရမ်းကြာနတ်မင်းက အထိတ်တလန့်ဖြင့် နိုးလာတတ်လို့ တစ်ခါတလေ အိမ်မက်လား တကယ်လားဆိုတာတောင် မခွဲခြားနိုင်ချေ။
ထို့ကြောင့် အိပ်ရာကနိုးတိုင်း အရင်ဆုံး ဟုန်မင်ကိုရှာသည်။ ဟုန်မင့်ကိုမတွေ့ရင် အကျယ်ကြီး အော်ခေါ်မိပြန်ရော။
"ဗိုက်ဆာပြီလား...မနက်စာရပြီ အဝတ်လဲပြီး ထွက်လာခဲ့တော့နော်..."
"အင်းပါ...."ဟုန်မင်သည် ကြာပန်းလေး ကိုယ်လက်သန့်စင်ပြီး အဝတ်လဲနေစဥ် မြို့ပျက်ကြီးထဲက ရလာသော ဓားတစ်လတ်ကို အမျိုးမျိုး စမ်းသပ်ကြည့်နေသည်။
ဓားနဲ့မြှားက မြို့ကြီးကို ကပ်ရောဂါဖြန့်ခဲ့စဥ်က သုံးခဲ့ကြတဲ့ မှော်လက်နက်တွေပဲ ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် လက်နက်နှစ်ခုလုံးက ကပ်ရောဂါအငွေ့အသက်တွေ သိသိသာသာ ကျန်ရှိနေသေးတာကြောင့်လေ။
YOU ARE READING
မှော်လောကရဲ့ချစ်ပုံပြင် (Complete)
Historical Fictionလူသားတို့နတ်လောကနဲ့မိစ္ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic ) လူသားတို့နတ်လောကနဲ့မိစ်ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic )