PART 1

4.8K 145 3
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

(Zhanyi)

....1.....

"ကျန့်ကျန့်....အဝေးကြီးလျှောက်မသွားနဲ့နော်...
တောကနက်တယ်...သားပျောက်သွားရင် မားတို့ရှာနိုင်မှာမဟုတ်ဘူး"

"ဟုတ်ကဲ့ မား"

ခြောက်နှစ်အရွယ်ကလေးပေါက်စလေးတစ်ယောက်ဖြစ်တဲ့xzနှင့်အတူ...

xiaoမိသားစုတစ်ခုလုံး လျို့ဝှက်ဆန်းကြယ်မှုများနဲ့ပြည့်နက်နေတယ်လို့ လူပြောများနေတဲ့....

"ဆန်းကြယ်တော"သို့ အပမ်းဖြေလာကြခြင်းဖြစ်သည်...

"ရှောင်ပါး...မောနေပြီလား"

"မမောပါဘူး ရှောင်မားရယ်...ကျန့်ကျန့်လေးပျော်တယ်ဆို ကိုယ်လဲပျော်ပါတယ်"

ကျောက်တုံးကြီးတစ်တုံးအားမှီကာ အသက်ကိုပြင်းပြင်းရှူရင်း အမောဖြေနေသူ ရှောင်ပါး စကားကြောင့်....

သူမ သက်ပြင်းတစ်ချက်ချလိုက်ပြီး...ရှောင်ပါးဘေးတွင်ကပ်ထိုင်ချလိုက်ကာ....

"ရော့ ရေသောက်လိုက်အုံး...... "

ရှောင်ပါးတစ်ယောက် သူမ ကမ်းပေးသောရေဘူးလေးအားလှမ်းယူလိုက်ပြီး....တစ်ကျိုက်မော့သောက်လိုက်ကာ....

"ကိုယ့်ရဲ့စပရင်းဘူးရော"

"အော်...ဒီမှာ"

ပြောရင်း သူမ ကျောပိုးအိတ်ထဲမှ ပန်းနာရင်ကြပ်သမားများအတွက် ပြုလုပ်ထားတဲ့ စပရင်းဘူးလေးအား ထုတ်ယူလိုက်ပြီး ရှောင်ပါးလက်ထဲ ထည့်ပေးလိုက်သည်....

ရှူး.....ရှူး...ရှူး....

"ဟောဟဲ...ဟောဟဲ"

"ရှင် ဒီလောက်မောနေရင် ကျွန်မတို့ဆက်မသွားတော့ပဲ အိမ်ပြန်ကြမလား"

ရှောင်ပါး ခေါင်းရမ်းပြလိုက်ပြီး....

"ရတယ်....ကျန့်ကျန့်လေးနေချင်သေးတာပဲ...သူပြန်မယ်ဆိုမှ ပြန်ကြတာပေါ့.....ဒါနဲ့ ကျန့်ကျန့်ရော....."

ရှောင်ပါးစကားကြားမှ သူမ ဘေးဘီအားဝေ့ဝဲကြည့်မိသည်....

သို့သော် ရှောင်ကျန့်အားမတွေ့ရတော့....

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now