PART 38

377 41 0
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

...38...

xzတစ်ယောက် သူ့ရှေ့မှာ လဲလျောင်းအိပ်မောကျနေတဲ့ ဘီလုံးငှက်ကလေးကို မြတ်နိုးစွာ ရီဝေဝေကြည့်ရင်း...

အတွေးတို့က စစ်သူကြီးရွှယ်ယန်နဲ့အတူရှိခဲ့တဲ့ လွန်ခဲ့တဲ့မိနစ်ပိုင်းဆီသို့....

Flash back

"အရှင့်ရွေးချယ်မှုမှန်ကန်ပါစေလို့ ကျွန်တော်မျိုးဆုတောင်းပေးပါတယ်"

"ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ...
ကျွန်တော်.... ကျွန်တော်မလုပ်နိုင်ဘူး
ကျွန်တော့်ဘဝအတွက် သူတို့နှစ်ယောက်လုံးက အရမ်းအရေးပါတဲ့သူတွေ..ဟင့်အင်း ကျွန်တော် မရွေးချင်ဘူး"

"အရှင်က တော်ဝင်မျိုးနွယ်ပါ...ဒါ့ကြောင့်...အရှင့်ဦးနှောက်ဟာ တစ်ခြားသူနဲ့မတူတာမို့ ရွေးချယ်သင့်ရွေးချယ်ထိုက်တာကိုသာ မှန်မှန်ကန်ကန်ရွေးနိုင်မယ်လို့ ကိုယ့်ကိုကိုယ် တစ်ထစ်ချ ယုံကြည်ပြီး ရဲရဲဆုံးဖြတ်လိုက်ပါ...."

ပြောလဲပြော အမြုတေကို သူ့မျက်နှာနား နီးသထက်နီးအောင် တိုးပေးလာသည့် စစ်သူကြီးရွှယ်ယန်

xiao zhanလဲ ရွှယ်ယန်မျက်နှာကိုတစ်လှည့် အမြုတေလုံးလေးကိုတစ်လှည့် ကြည့်ကာ....

သူ့စိတ်ထဲ ပူတူးလေးကို ရွေးမယ်လို့ ကြံလိုက်ရုံရှိသေး..စက္ခုအာရုံထဲ အလိုလိုပေါ်လာတဲ့

yiboရဲ့အမူအရာလေးတွေ ,yiboအပြုံးလေးတွေ, yiboရဲ့ဂရုစိုက်မှုတွေကြောင့်....

သူ ခေါင်းကို နာနာခါရမ်းလိုက်ပြီး.... yiboရှိရာလမ်းကိုလျှောက်ဖို့ ပြင်လေသည်။

သို့ပေမယ့် ဒီတစ်ခါ အာရုံထဲပေါ်လာပြန်တာက...

သူငယ်ငယ်က ပူတူးနဲ့အတူ ကျောင်းတက်ခဲ့တာလေးတွေ...

ပူတူးနဲ့အတူ ပန်းသီးစားခဲ့တာလေးတွေ

ပူတူးလေးကိုထွေးဖက်ပီး အိပ်ခဲ့တာလေးတွေ...

သူ့နဖူးပြင်ပေါ် မကြာခဏရောက်ရောက်လာတတ်တဲ့ ပူတူး အနမ်းဖွဖွလေးတွေ....

(မဟုတ်ဘူး...yiboက တတိယလူ...

တကယ်ဆို ငါနဲ့ပူတူးလေး အနေဝေးနေတဲ့အချိန်အတွင်း

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now