PART 20

527 52 2
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

...20...

"ကျွန်တော် အကို့ကို...."

yiboနှုတ်ကထွက်လာမယ့် စကားလုံးတွေကိုပင် ဆုံးအောင်အပြောမခံ....

သူတို့နှစ်ယောက်လုံးရဲ့ကြည်ပြာရောင် အကြည့်စူးစူးတို့က လမ်းခုလတ်မှာပင် ခလုတ်တိုက်မိကုန်ကြသည်....

"အဟမ်း..ကျွန်တော် အကို့ကိုစိတ်ချမ်းသာစေချင်လို့လေ အဲ့တာ ဘာဖြစ်လို့လဲ...."

xz မျက်စိရှေ့က ကလေးအား အငေးလွန်နေရာမှ မျက်လုံးထဲ ပူတူးပုံရိပ်လေးတွေပေါ်လာပြန်တော့

နှစ်ခွဖြစ်နေတဲ့ ကိုယ့်စိတ်ကိုယ် အပြစ်တင်မိပြန်သည်...

"ဘာမှမဖြစ်ဘူး ငါတို့သွားရအောင်"

"ဟုတ်ကဲ့"

သို့နှင့် သူတို့တွေ ပြတိုက်ဆီရောက်သွားတော့....

"yibo မင်းကို CEOယွိ ခေါ်နေတယ် သူ့ရုံးခန်းထဲ ချက်ချင်းလာခဲ့ပါတဲ့"

အပြေးတပိုင်းဆိုလာတဲ့ ကျင်းဇီရွှမ်းကြောင့် yibo ရှောင်ကျန့်ရှိရာ တစ်ချက်လှမ်းကြည့်ပြီး...

"ကျွန်တော်ပြန်လာခဲ့မယ်နော်"

"အင်း"

ဒီလိုနဲ့ သူ CEOမိန်းကလေးရဲ့ရုံးခန်းထဲ လှမ်းဝင်လိုက်မိတယ်ဆိုရင်ပဲ....

"yiboလာပြီလား ထိုင်လေ"

သူ့အား ပဲပိနေသည့်မျက်နှာပေးဖြင့် ထိုသို့ပြောလာတဲ့ CEOယွိထုံကြောင့် သူလဲ အဲ့ဒီမိန်းကလေးနဲ့မျက်နှာချင်းဆိုင်တွင် မရဲတရဲဝင်ထိုင်လိုက်သည်....

"ဟိုလေ မမ မင်းကိုပြောစရာရှိလို့....
မမ ကိုတစ်ခုလောက်ကူညီပါလား "

သူ့ကိုသူ တ"မ"တည်း "မ"နေတဲ့ ထိုမိန်းကလေးက ပုံစံကြည့်တော့ နို့နံ့တောင်မစင်သေးတဲ့ရုပ်....

သူလဲ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းကာ...

"ဟုတ် ဘာများလဲ"

"ဒီမှာ..."

ပြောရင်း သူ့ဆီကမ်းပေးလာတဲ့ လုပ်ငန်းသုံးlaptop တစ်လုံး....

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now