PART 5

877 67 5
                                    

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

Unicode

...5...

"ရွှယ်ယန်...သားတော်လေး ကျန်းကျန်းမာမာရှိရဲ့လား"

ရွှယ်ယန်တစ်ယောက် တစ်ပေအရွယ်အရပ်ကလေးနဲ့ သစ်ရွက်စိမ်းရှင်ဘုရင်အား ဦးညွတ်အရိုအသေပေးနေတုန်း....

အဲ့ဒီလို ကြားလိုက်ရတဲ့ ဘုရင်ကြီးရဲ့စကားသံကြောင့်....ကိုယ်ကိုပြန်တည့်မတ်လိုက်တာ....

"မှန်လှပါ ..... ကျွန်တော်မျိုးတို့ အစောကလေးကပဲ အိမ်ရှေ့မင်းသားကို အရိုအသေ သွားပေးခဲ့ကြပါတယ်
သူ ကျန်းကျန်းမာမာရှိကြောင်းပါ အရှင်...."

"အင်း....အဲ့ဒီလူသားကိုရွေးပြီး ငါ့သားတော်လေးကိုစောင့်ရှောက်ခိုင်းခဲ့တဲ့ဆုံးဖြတ်ချက်က မမှားဘူးပဲ....

တစ်ဖက် သိန်းငှက်လူသားတိုင်းပြည်က.....
ငါတို့မင်းမျိုးမင်းနွယ်တွေရဲ့ မျိုးဆက်တွေကိုပဲရွေးရွေးပြီး အမြစ်ဖြုတ်သုတ်သင်စားသောက်နေတာကြောင့်...

အခုဆို ဘုရင့်မျိုးဆက်တွေလဲ တစ်ယောက်တစ်လေမှတောင် မရှိတော့တဲ့အထိပဲ.....

အထူးရှားဆုံး အကောင်းမွန်ဆုံး ကိုယ်ရည်ကိုယ်သွေးတို့နဲ့ ပြည့်စုံလှတဲ့ ....

အဲ့ဒီ အိမ်ရှေ့မင်းသားwang yiboဟာ ဒီတိုင်းပြည်ရဲ့နောက်ဆုံးသော ဘုရင့်မျိုးဆက်ပဲ...."

ထိုသို့ ပြောနေရင်းက ခေတ္တရပ်နားလိုက်တဲ့ ဘုရင်ကြီးတစ်ယောက် ခဏကြာမှသာ သူ့စကားအားပြန်ဆက်လေသည်...

"အခုဆိုရင် ငါဟာ ဇရာထောင်းနေတဲ့ ဘုရင်အိုကြီးဖြစ်နေပြီ...

အခုနေ ငါ့တိုင်းပြည်ကို တစ်ဖက်ကအလစ်သုတ်ပြီး
လာတိုက်ရင်တောင် ....

ယူသွားပါဆိုပြီး သူတို့လက်ထဲ အလိုက်သင့်ထိုးထည့်ပေးရတော့မဲ့အဖြစ်....ဟင်းးးး....."

ပြောပြီး ခေါင်းငိုက်စိုက်ကျသွားတဲ့ ဘုရင်ကြီးအား ရွှယ်ယန်စိတ်မကောင်းစွာ လှမ်းကြည့်လိုက်ပြီး....

"ဒီလိုဆို အချိန်မနှောင်းခင်...
ကျွန်တော်မျိုးတို့ အိမ်ရှေ့မင်းသားကိုပြန်ခေါ်ပြီး
သူတတ်အပ်တဲ့ ပညာရပ်တွေသင်ပေးထားရင် မကောင်းဘူးလား အရှင်"

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now