PART 14

598 65 1
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

...14.....

"ဟင်"

"ဘယ်လို.."

"ဘာဖြစ်လို့လဲ"

စသည် စသည်ဖြင့် တစ်ခန်းလုံး ပွက်လောရိုက်ကုန်ကြသည်.....

"ဒီလိုပါ...ဝယ်မဲ့သူတွေကို ကျွန်တော်ကိုယ်တိုင်တောင် တစ်ခါမှ မမြင်ဖူးပါဘူး
ကျွန်တော်တို့companyရဲ့ဥက္ကဋ္ဌတစ်ယောက်ပဲမြင်ဖူးတာပါ....
အခု သူတို့ဝယ်တယ်ဆိုတာလဲ ပြတိုက်ကိုဖျက်ပြီး တစ်ခြားစီးပွားရေးလုပ်ငန်း လုပ်ချင်လို့ မဟုတ်ဘူး,
သူတို့ကိုယ်တိုင်က ဒီသစ်တောပိုင်းဆိုင်ရာတွေကို စိတ်ဝင်စားလို့ ပြတိုက်ကိုပြန်ပြီး မွန်းမံပေးမယ့်သဘော....
အဲ ပြတိုက်ကတော့ အရင်လိုကျွန်တော်တို့companyနဲ့မဆိုင်တော့ဘူးပေါ့ဗျာ...သူတို့အပိုင်ဖြစ်သွားတာပေါ့"

သူ့စကားကြားမှ သက်ပြင်းယဲ့ယဲ့လေး ချလိုက်နိုင်သည့် ရှောင်ဖိုင်ဖိုင်နှင့် အခြားဝန်ထမ်းတွေ ...

ဘာလို့ဆို သူတို့တွေ ဗြုန်းစားကြီးအလုပ်ပြုတ်သွားရင်

နောက်အလုပ်အသစ်တစ်ခု ထပ်ရဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ....

ပြတိုက်ကလဲ အလုပ် စ ဝင်ကတည်းက ကြိုပြောထားပြီးသား...

အကြောင်းအမျိုးမျိုးကြောင့် ဒီပြတိုက်ကို မဖြစ်မနေရောင်းလိုက်ရတဲ့အခြေအနေရောက်လာခဲ့ရင် လျော်ကြေးမပေးနိုင်ပါဘူးတဲ့...

သူတို့တွေကလဲ အဲ့ဒီအချက်ကို ပျော်ပျော်ကြီး သဘောတူလို့ အလုပ်တောင် ဝင်လုပ်ခဲ့ပြီးကြပြီ မဟုတ်လား....

ဒီတော့ တကယ်တမ်း နစ်နာချင်းနစ်နာ သူတို့ကိုယ်တိုင်ပဲ နစ်နာကြရမှာ...

"ကဲ ဒါဆို ကျွန်တော်တို့သွားလိုက်ပါအုံးမယ်..အလုပ်ဆက်လုပ်ကြပါ"

"ကောင်းပါပြီ"

~~. .~~. .~~. .~~. ......

"ကျန့်ကျန့်"

ထိုခေါ်သံနဲ့အတူ ဒေါက်ဖိနပ်ကို တစ်ဂွက်ဂွက်နင်းလျှောက်လျက် သူ့အနားရောက်လာသူ ရှောင်ဖိုင်ဖိုင်...

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now