PART 43

356 33 1
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

....43....

မိဖုရားခေါင်ကြီးဟာ xiao xhanစကားကြောင့် ခပ်မျှင်းမျှင်းလေးပြုံးလို့ xaio zhanမျက်ဝန်းတွေနဲ့ ဆုံအောင်တမင်စိုက်ကြည့်လိုက်တယ်

"သူကတော့ သူ့ကြင်ရာတော်ကိုလာရှာတာလေ"

ဆိုတဲ့စကားလုံးလေးကို ရယ်ရယ်မောမော ပြောရင်းပေါ့

"ဪ..."

သူပြန်ပြောလိုက်မိတာက ဪ တစ်လုံးတည်း

သို့ပေမယ့် သူ့ရင်ဘတ်တွင်းမှာတော့ တောင်စဥ်ရေမရ အတွေးတို့က ဟိုတစ်စ ဒီတစ်စ

(ပူတူးက သူ့ကြင်ရာတော်ကိုလာရှာတာတဲ့...ဘယ်သူများလဲ......)

ထိုသို့ အတန်ကြာ အတွေးပင်လယ်ထဲနစ်မြောနေရင်းမှ

(ဪ အန်တီပြောထားတဲ့စကားကိုမေ့နေလိုက်တာ
သူတို့တွေက ပြတိုက်မှာဖမ်းဆီးခံထားရတဲ့ သတ္တဝါတွေကိုလာကယ်တာတဲ့
ဒါဆို အဲ့ဒီသတ္တဝါတွေထဲက တစ်ယောက်ယောက်ပဲဖြစ်မှာပေါ့)

တွေးရင်း မျက်ဝန်းအိမ်မှ မျက်ရည်ကြည်တို့က အလုအယက် တိုးခွေ့ပြီး အန်ကျလာတော့မှာမို့

ပိုးကောင်ဝင်သွားလို့လို့ အန်တီဝမ်ထယ်မင့်ကိုညာပြောပြီး ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ရသေးသည်။

"ဝမ်လေးဆီသွားရအောင်လေ..ဒီအချိန်ဆို သူသတိရနေလောက်ရောပေါ့"

"ဟုတ်ကဲ့"

...............

"ပါးရယ် ခဏလေးပဲနောက်ဆုတ်ပေးလို့မရဘူးလား..
ယွိထုံဒီဘက်မှာ အလုပ်တွေလက်စ မသတ်ရသေးလို့"

"ဒါဆိုလဲ အမြန်သတ်တော့လေ....လေလံပွဲကတော့ ဒီထက်ပိုပြီးနောက်ဆုတ်လို့ရမှာ မဟုတ်တော့ဘူး"

"ကျစ်......"

သူမ စုတ်တစ်ချက်သပ်လိုက်ပြီး

ဘေးနားတွင် အိပ်မောကျနေသော တဏှာရူးကောင် ဟောက်ရမ်အား တစ်ချက် မျက်လုံးစွေကြည့်ကာ

"ဒီလိုလုပ်လိုက်ပါလား ပါး
မနက်ဖြန်လောက်ဆို ပြတိုက်တစ်ခုလုံး သမီးတို့လက်ထဲရောက်လာတော့မှာ အဲ့ဒီကိစ္စကတော့ သေချာတယ်
သတ္တဝါမျိုးစုံလေလံတင်ပေးပါမယ်ပြောပြီး
အခု လေလံပွဲကို ရက်နည်းနည်းနောက်ဆုတ်လိုက်ပေါ့
အဆင်ပြေလောက်တယ်မလား "

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now