PART 51

319 29 0
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

.....51.....

ကျွန်တော့်စကားကြောင့် နားရွက်ဖျားတွေနီထွေးသွားတဲ့ ဘီလုံးငှက်လေးဟာ အထစ်ထစ် အငေါ့ငေါ့နဲ့ ဤသို့ဆိုလာခဲ့တယ်။

"ကျ...ကျွန်တော်က ယောက်ျားတန်မဲ့ ဒီလိုစကားမျိုးကို စ ပြောစရာလား"

အမ်.....ယောက်ျားမို့လို့ မေးနေတာပေါ့ ဒီကလေးနဲ့တော့ ယောက်ျားဖြစ်ပြီး ရှက်သွေးဖြာနေရတယ်လို့ အံ့ဘ...

"ကျွန်တော်သွားပြီ လက်ကိုလွှတ်"

ဗျက်ဆို သူ့လက်ကို ဇွတ်ဆွဲဖြုတ်ပြီး လှေကားပေါ်ပြေးတက်သွားတဲ့ ပူတူတူးလေး...

"ဟာကွာ...ဒီကလေးတော့ လူကို မချစ်ရမနေနိုင်အောင် အမျိုးမျိုးပြုစားနေတော့တာပဲ"

ခပ်တိုးတိုး သူ့စကားသံကို နားစွန်နားဖျားကြားလိုက်သူက သူ့မိခင် ရှောင်ဖိုင်ဖိုင်ပင်

"ဘယ်သူ့ကိုပြုစားတာလဲ ကျန့်ကျန့်"

"ကျွန်တော့်ကိုလေ.....အာ....မား ဘယ်တုန်းကရောက်နေတာလဲ အသံမပေးဘာမပေးနဲ့ လန့်လိုက်တာဗျာ"

ရှောင်ဖိုင်ဖိုင်ဟာ မျက်စောင်းရေးရေးလေး ထိုးနှင့်ပြီးသား....

"အသည်းနှယ် ငယ် ငယ်ပါလွန်း...ဒီပုံစံနဲ့ယောက်ျားပေးစားရင်တော့ အောက်ကချည်းနေရမှာ မြင်ယောင်သေးတယ်"

ပြူးကျယ်ဝိုင်းစက်သွားတဲ့xiao zhan မျက်လုံးတွေဟာ
အံ့ဩ၍မဟုတ်

သူတစ်ပါးအိမ်မှာ စည်းလွတ်ဝါးလွတ် ပြောချင်တိုင်းပြောနေတဲ့ သူ့မိခင်ကို ဆက်မပြောဖို့ သတိပေးလိုက်ခြင်းပင်

ပြီးနောက် သွားကိုကြိတ်ထားလျက်က...

"တိုးတိုးပြောပါ မားရဲ့...အန်တီဝမ်ထယ်မင်ကြားသွားမှဖြင့် ...ဒီမှာကြည့်"

သူ့လက်မောင်းကြွက်သားတွေကို ညှစ်ထုတ်ပြရင်း ဆိုလာသူ xiao zhan

လူကအရိုးချည်းပေမယ့် ကစ်တော့ ထုတ်နိုင်သားပဲလို့ ရှောင်ဖိုင်ဖိုင်တစ်ယောက် ကိုယ့်သားကိုယ် စိတ်ထဲမှ ချီးကျူးလိုက်ပြန်သေးသည်။

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now