PART 2

1.6K 96 0
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

...2...

တွေ့လိုက်ရသည်က...

ရေချိုးခန်းတံခါးရဲ့အောက်ခြေမှာ မတ်တက်ရပ်လျက်
ခါးကိုထောက်ထားပြီး ဟန်ပါပါမျက်နှာထားနဲ့ သူ့ကိုမော့ကြည့်နေတဲ့...

တစ်ပေအရွယ် အကောင်လေးတစ်ကောင်....

အဲ့ဒီအကောင်လေးရဲ့ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးကို အဖြူရောင်အလင်းတန်းတွေ ဖြာထွက်နေတဲ့အမွှေးအမျှင်တွေနဲ့ဖုံးအုပ်ထားပြီး....

လက်ကလေး ခြေထောက်ကလေးတွေဆိုတာလဲ...
အသည်းယားစရာကောင်းလောက်အောင်ပင် တကယ့်ကိုသေးတိသေးကွေးလေးတွေ.....

ပြီးတော့ ရေနွေးပန်းကန်အရွယ်အစားလောက်ရှိတဲ့...မျက်လုံးပြူးပြူးလေးတွေနဲ့ နားရွက်ချွန်ချွန်လေးနှစ်ခု........

နောက်...ဆေးဆိုးထားတဲ့...မက်မန်းသီးလုံးလေးလိုမျိုး ရဲရဲတောက်နေတဲ့ နှုတ်ခမ်းပါးလေးတစ်စုံ....

အားလုံးကိုခြုံကြည့်လိုက်ရင် သိပ်ကိုလှပတဲ့သတ္တဝါလေးတစ်ကောင်ပေါ့.....

xzလဲ အဝတ်ချွတ်ရင်းတန်းလန်းက ထိုအကောင်လေးအနား တအံ့တဩတိုးကပ်သွားလိုက်ပြီး....သူ့ရှေ့တွင် ပဆစ်တုပ်ထိုင်ချလိုက်ကာ....

အချိန်အတော်ကြာသည်အထိ...မျက်လုံးဝိုင်းလေးတွေနဲ့ ပြူးတူးပြဲတဲ ငုံ့ကြည့်နေမိသည်.....

"ကျန့်ကျန့်......ကျန့်ကျန့်....ကျန့်ကျန့်.....ကျန့်ကျန့်"

သူစိတ်ဝင်တစားကြည့်နေမိတုန်းမှာပဲ.....

အဲ့ဒီလို သူ့နာမည်တစ်ခုတည်းကိုသာ ထပ်ခါထပ်ခါမြည်တမ်းနေတဲ့ထိုသတ္တဝါလေးကြောင့်

xz အဲ့ဒီအကောင်လေးအား အသာအယာကောက်ယူလိုက်ပြီး လက်ဖဝါးပေါ်တင်လိုက်ကာ....

"မင်းကဘာကောင်ယဲ"

သူမေးတော့....လက်ဖဝါးပေါ်ကအကောင်လေးက နားမလည်တဲ့မျက်လုံးတွေနဲ့ ပြန်ကြည့်ရှာလေရဲ့....

သူ့မျက်လုံးလေးတွေက အဆမတန်သာပြူးထွက်နေတာ....

အရည်လေးတလဲ့လဲ့နဲ့ ချစ်စရာအတော်ပင်ကောင်းလှသည်.....

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now