Unicode
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်
.....52.....
ကျွန်တော့်ကိုကြည့်လိုက် မိခင်နှစ်ယောက်ကိုကြည့်လိုက်နဲ့ နားမလည်နိုင်ဖြစ်နေသော အကို့အား
နားနားလေးကပ်ကာ ကျွန်တော် တိုးဖွဖွ ပြောလိုက်သည်။"လူမနေတော့တဲ့အခါ ရှောင်အိမ်တော်ကြီး ဟောင်းနွမ်းဆွေးမြေ့ပြီး ပျက်သုဥ်းသွားမှာကို အကိုတွေးပူပြီး စိုးရိမ်နေတာမဟုတ်လား
စိတ်မပူပါနဲ့အကိုရယ် ရှောင်ပါးနေခဲ့တဲ့အိမ်ကို
အကိုနဲ့ကျွန်တော် အပတ်တိုင်းသန့်ရှင်းရေး လာလုပ်ကြတာပေါ့...နော်"ကျွန်တော့်စကားတွေကိုကြားပြီးတဲ့နောက်မှာတော့
မျက်ရည်လေးတွေဝိုင်းလို့ ကျွန်တော့်ရှိရာဆီ ပြန်ငေးကြည့်လာတဲ့ အကို
ဖခင်အရင်းမဟုတ်တာတောင် ရှောင်ပါးအပေါ် ဒီလောက်ထိ တွယ်တာသတဲ့လား
အင်းလေ .....မေတ္တာတရားဆိုတာ အနှိုင်းအဆမှမရှိတာ
ကျွန်တော်ကိုယ်တိုင် မိခင် ဖခင်အရင်းတွေနဲ့အတူ ကြီးပြင်းခဲ့ရတာမဟုတ်တော့ အကို့ကို ကိုယ်ချင်းစာလို့ရပါတယ်
"ကဲ ကဲ လက်မှတ်ထိုးပြီးသွားအိပ်ကြတော့ မားတို့နှစ်ယောက် မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီး တိုင်ပင်စရာလေးရှိလို့..."
"ဟုတ်ကဲ့"
ကျွန်တော် အကို့ကို မေတ္တာအပြည့်ပါတဲ့ မျက်ဝန်းလေးတွေနဲ့ စိုက်ကြည့်ပြီး စာချုပ်လေးတွေအပေါ် မျက်စပစ်ပြလိုက်တယ်
ဟော....အကိုပြုံးနေပြီ....
အလိုလေးလေး.......ဘယ်လိုတောင် ညှို့နိုင်လွန်းတဲ့ အပြုံးပန်းလေးလဲဗျာ...
heartထိလိုက်တာ ဂျိန်းဂျိန်း ဒုန်းဒုန်းနဲ့တောင် မြည်တယ်
ဒီအပြုံးရဲ့မူပိုင်ရှင်ဖြစ်ခွင့်ရလို့ ကျွန်တော့်အသွေးအသားတွေ ဆူပွက်မတတ် ကြည်နူးရတယ်ဆို အကိုယုံပေးမှာလားဟင်...
"ပူတူးလေး... လက်မှတ်ထိုးတော့လေ"
ကျွန်တော် အချိန်ဘယ်လောက်ကြာအောင် အကို့မျက်နှာနုနုကို ငေးမောနေမိသည်မသိ
YOU ARE READING
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)
FanfictionZhanyi