PART 46

347 30 0
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

.....46.....

အဲ့ဒီလိုတွေမြင်ရပြီးသည်နှင့် xzတစ်ယောက် အခန်းထဲ လက်လွတ်စပါယ် ပြေးဝင်သွားရန်ပြင်လိုက်စဥ်

"မသွားနဲ့ ယုန်လေး....အဲ့ထဲမှာ စက်ကိရိယာတွေနဲ့တပ်ဆင်ထားတဲ့ မမြင်နိုင်တဲ့အန္တရာယ်တွေက
geတို့အသက်ကို အချိန်မရွေးနှုတ်ယူသွားနိုင်တယ်"

သူ့လက်ကို အတင်းဖမ်းဆွဲရင်း ပြောလာသူ ကျင်းဇီရွှမ်းကြောင့် ခေါင်းကို အသာငြိမ့်ပြပြီး သူ ငြိမ်ငြိမ်လေးပြန်နေလိုက်ရသည်။

ကျင်းဇီရွှမ်းကတော့ ရဲစခန်းကိုဖုန်းဆက်နေသည်ထင်ပါ့

တာဝန်ရှိသူတွေကိုပါ ခေါ်ခဲ့ဖို့ ပြောနေသံ ကြားလိုက်သည်။

သို့နှင့် ရဲကိုဖုန်းဆက်ပြီး များမကြာမှီ

သက်ဆိုင်ရာ လူနာတင်ယာဥ်တွေနဲ့ ရဲဝန်ထမ်းတွေရောက်လာပြီး

ရုပ်ပျက်ဆင်းပျက်သေဆုံးနေသော ဟောက်ရမ်ရဲ့ရုပ်အလောင်းအား

ထိုအခန်းထဲကိုမဝင်ပဲ အပြင်ကနေသာ ခက်ခက်ခဲခဲဆွဲထုတ်နေသည်ကို တွေ့လိုက်ရသည်။

အကြောင်းကတော့ ဟောက်ရမ်ပြောပြတဲ့ အဲ့ဒီအခန်းထဲမှာ အမျိုးအမည်မသိတဲ့ အန္တရာယ်တွေရှိနေတယ်ဆိုသောကြောင့်ပင်

ပြတိုက်က ဝန်ထမ်းတွေကလဲ ဒါရိုက်တာ တစ်ယောက်လုံး အမှတ်မထင် သေဆုံးသွားတာဆိုတော့

ရဲတွေနဲ့ခပ်လှမ်းလှမ်းကနေ မသိမသာ ချောင်းကြည့်ပြီး အုန်းအုန်းကြွက်ကြွက်နဲ့ပေါ့

"ကျွန်တော် ပြတိုက်ရဲ့လူကြီးပိုင်းနဲ့တွေ့ချင်ပါတယ် ဒီပြတိုက်ကို ဘယ်သူပိုင်တာလဲမသိဘူးခင်ဗျာ့"

အလောင်းကို သယ်ထုတ်သွားပြီးသည်နှင့်

ကျင်းဇီရွှမ်းထံ လာရောက်ပြောဆိုနေသော ရဲဝန်ထမ်းတစ်ဦး၏ စကားသံဖြစ်သည်။

"ပြတိုက်ပိုင်ရှင်က ကျွန်မပါ ဘာများဖြစ်လို့ပါလဲရှင်"

ပကတိ အပြစ်ကင်းသော မျက်နှာလေးကို တမင်လုပ်ယူကာ ရိုရိုကျိုးကျိုး ပြောလာသူ ယွိထုံ

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now