PART 34

341 37 2
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

.....34.....

"အင်း ငါသိတယ်....ခဏနေ ပြန်မှာ"

"အင်းအင်း မင်းအိမ်မှာ နှစ်ရက်လောက်နေမှာဆို ဆန်းကြယ်visaကဒ်လေး လိုရမယ်ရ ယူသွားအုံး ...
တော်ကြာ အလုပ်ကိုသွားရင် CEOက visaကဒ်ဘယ်မှာလဲဆိုပြီး ဆူနေအုံးမယ်"

"ငါသိပါတယ် ကျန်းချန်ရာ...အခု အချိန်လဲမစောတော့ဘူးဆိုတော့...ငါအိမ်ပြန်အုံးမယ်
အတိတ်နဲ့ပတ်သက်လို့ မင်းအကြံပေးတာတွေအတွက်လဲ ကျေးဇူးပဲ"

"မလိုပါဘူးဟ...အိမ်ကိုဂရုစိုက်ပြန်အုံး..."

"အင်း"

ဒီလိုနဲ့ xzအိမ်ပြန်ရောက်တော့ နည်းနည်းမှောင် စ ပြုနေပြီမို့

ပတ်ဝန်းကျင်ကအိမ်တွေမှာ ဟိုတစ်စ ဒီတစ်စ လျှပ်စစ်မီးရောင်လေးတွေ တွေ့နေရပေမယ့်...

သူတို့ရှောင်အိမ်တော်ကတော့.....ပိန်းပိတ်အောင် မှောင်အတိကျနေလေသည်....

(ဘာလဲဟ...မားက အိမ်လည်တွေ ဘာတွေလဲ မသွားတတ်ပါဘူး ဘာလို့ခုထိ မီးမထွန်းသေးတာလဲ)

အတွေးနဲ့အတူ သူ အိမ်တံခါးအား တွန်းဖွင့်ရန် ဟန်ပြင်လိုက်စဥ်....

"ကျန့်ကျန့်လေး ပြန်..လာ..ပြီ..ကိုး....
မင်း..ရဲ့...မား ..အိမ်..မှာ..မ..ရှိ..ဘူး..
နေ့..လည် ..လောက်..က ..
ကြွေ..အိုး..တစ်..လုံး..ကိုင်..ပြီး
တစ်..နေ..ရာ..ကို..ထွက်..သွား..တာ..တွေ့..လိုက်တယ်"

တောင်ဝှေးကို မြေပြင်ပေါ် အားစိုက်ထောက်လျက်..

အဲ့ဒီလို တုန်တုန်ချိချိ ပြောလာတဲ့ ဘေးအိမ်က အဖွားအိုကြောင့်...

သူ တံခါးဖွင့်ရန်ပြင်နေသော လက်များအား တုံ့ကနဲ ရပ်တန့်လိုက်ပြီး....

ထိုအဖွားအိုနားသို့ လျှောက်သွားလိုက်ကာ...

"မားက ကြွေအိုးတစ်လုံးနဲ့ထွက်သွားတယ် ဟုတ်လား အဖွား"

"အင်းးးးး"

မေးစေ့တွေ ခြေတွေ လက်တွေ တဆတ်ဆတ် တုန်ခိုက်နေတဲ့ ထိုအဖွားက

xzမျက်နှာကို သေချာမကြည့်ပဲ အဝေးကိုငေးနေရင်း...ခေါင်းငြိမ့်ပြလိုက်ခြင်းဖြစ်သည်။

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now