PART 49

323 29 0
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

...49....

သူမေးတော့ မျက်စိရှေ့မှာရပ်နေတဲ့လူနှစ်ယောက်ဟာ ခပ်နွမ်းနွမ်းလေးပြုံးလို့....

"သူနဲ့မားက စံအိမ်ကိုလာတဲ့လမ်းမှာဆုံတာ...သူ့မှာ yiboခိုင်းထားတဲ့ အလုပ်လေးတွေရှိလို့တဲ့"

"ဟုတ်ပါတယ် အရှင်...အရှင်ရော နေကောင်းရဲ့လား"

xzခေါင်းငြိမ့်ပြလိုက်ရင်း ထိုလူကြီးကို ခေါင်းဆုံးခြေဆုံး အကဲခတ်လိုက်သည်။

ကျွန်တော့်အထင် ဒီလူကြီးရဲ့အသက်ဟာ ကျွန်တော့်မားထက်ပင် ကြီးမည့်ပုံပေါ်သည်။

သို့ပေမယ့် အခုလို စတိုင်ကျကျ သားသားနားနားနဲ့ ဗိုလ်ဆန်ဆန်ဝတ်စားလိုက်ပြန်တော့ ကျွန်တော်တို့ပင် ငေးမောရသည်အထိ....

"ကျွန်တော်မျိုးတို့ကို အိမ်ထဲပေးမဝင်တော့ဘူးလား"

"အော် ဟုတ်သားပဲ လာလာ ဝင်လာခဲ့လေ"

ဒီလိုနဲ့ သုံးယောက်သား ခြံထဲအတူဝင်လာလိုက်တာ ဆင်ဝင်မရောက်ခင် လမ်းလည်ခေါင်မှာရပ်နေသူ yiboနှင့် အရင်ဆုံး တွေ့ဆုံကြရသည်။

"မွန်းမတည့်ခင်ရောက်အောင်လာခဲ့ဖို့ ကျွန်တော် မမှာထားဘူးလား စစ်သူကြီးရွှယ်ယန်"

yiboရဲ့ အေးစက်စက်စကားကြောင့် ခြေဖျားအောက်မှာ အလှဆင်ထားတဲ့ ကျောက်ပြားလေးတွေပေါ်

ဒူးတစ်ဖက်ထောက်လျက် မုဆိုးထိုင် ထိုင်ချလိုက်သည့် ရွှယ်ယန်...

ပြီးနောက် ဦးကျိုးမတတ် ခေါင်းကို ငုံ့ထားရင်းက

"လက်ဝတ်လက်စားတွေထုခွဲပြီး ငွေသားနဲ့လဲလှယ်နေရလို့ အနည်းငယ် အချိန်ဖင့်သွားတာပါ အရှင်မင်းကြီး
ခွင့်လွှတ်တော်မူပါ"

"အင်း ရပြီ ထတော့ ငါ့ယောက်ျားနဲ့ယောက်ခမ ရှေ့မှာ ငါ့ကိုလူဆိုးဖြစ်အောင် မလုပ်နဲ့"

xiao zhan သွားမပေါ်စေပဲ ပြုံးလိုက်သလို

ရှောင်ဖိုင်ဖိုင်နှင့်ရွှယ်ယန်မှာလဲ မခို့တရို့ အပြုံးကိုယ်စီနဲ့

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now