PART 26

412 40 1
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

....26...

သူ့စကားကြောင့် သစ်ရွက်စိမ်းလူသားဘုရင်ကြီး၏ မျက်နှာတွင် ရှက်စိတ်ရော ဒေါသစိတ်ပါပေါင်းကာ ချက်ချင်းနီရဲတက်လာတော့သည်....

"ဘာလဲ အနာပေါ် တုတ်ကျသလိုဖြစ်သွားလား
ဒါပေမယ့် ကျုပ်စကားအားလုံးက အမှန်တွေပဲလေဗျာ မဟုတ်ဘူးလား"

သူ...ဇက်ကလေးကိုပုလို့ လက်နှစ်ဖက်ကို ဆတ်ကနဲ မြှောက်ပြရင်း ခနဲ့သလို ပြောအပြီးမှာတော့...

မျက်နှာကို အအေးစက်ဆုံးပုံစံ ပြန်ပြောင်းလိုက်ကာ...

"စစ်သူကြီး.... "

"အမိန့်ရှိပါ အရှင်"

"ဒီသတ္တဝါကောင်ကြီးရဲ့ ခြေတွေ လက်တွေကို သံခြေချင်းနဲ့ခတ်ပြီး ထောင်သွင်းအကျဥ်းချထားလိုက်...
ပြီးရင် တစ်နေ့ရေတစ်ခွက် နဲ့ ထမင်းတစ်နပ်သာကျွေး
ငါပြောတာရှင်းလား"

"မှန်ပါ့ အရှင်မင်းကြီး"

"ခေါ်သွားတော့"

သူ့အမိန့်စကားသံအဆုံး၌ ရောဂါသည် သစ်ရွက်စိမ်းဘုရင်ကြီးအား ထိုနေရာနေ ဒရွတ်တိုက်ဆွဲခေါ်သွားကြတဲ့ သိန်းငှက်စစ်သည်တွေ....

(အစာငတ်ရေငတ်ဒဏ်ဟာ ဘယ်လောက်ထိ နေရဆိုးတယ်ဆိုတာ ကျုပ်ခံစားခဲ့ရသလိုမျိုး ခင်ဗျားလဲတစ်လှည့်မြည်းစမ်းကြည့်လိုက်အုံးပေါ့.....

အာဟာရပြည့်ပြည့်ဝဝ မရလေ ခင်ဗျားရောဂါက ခင်ဗျားကို ပိုဖိစီးနှိပ်စက်လေမို့

ကျုပ်အားသုံးပြီး အပင်ပန်းခံနေစရာတောင်မလိုပဲ ခင်ဗျားသေရွာသွားရမှာ....

ဟက် ဘယ်လောက်တောင်ဟန်ကျလိုက်သလဲ....

ခင်ဗျားစောင့်ကြည့်နေ ကျုပ်ရဲ့သည်းညှာ ဒေဝီလေးအတွက်..

ခင်ဗျားအပါအဝင် သစ်ရွက်စိမ်းမျိုးနွယ်အားလုံး ကျုပ်လက်ထဲမှာတင် အရည်ပျော် ပျောက်ကွယ်သွားတဲ့အထိ

ဒီတိုင်းပြည်ကြီးတစ်ခုလုံးကို ကျိန်စာသင့်တာထက်ဆိုးအောင် ကျုပ်ဘယ်လို ကလဲ့စားချေပြမလဲဆိုတာ...)

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now