Unicode
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤
...8....
"ကျန့်ကျန့်ရေ.... မ ထ သေးဘူးလား ကျောင်းချိန်နီးနေပြီလေ"
ပြောရင်း တံခါးအားဆွဲလှပ်ကာ အခန်းတွင်ဝင်လာသူ ရှောင်ပါး....
မွေ့ယာပေါ် ခွေခေါက်အိပ်မောကျနေသော သားဖြစ်သူအား ပြုံးကြည့်လိုက်ပြီး ခေါင်းကိုအသာခါလို့....
"ဒီကလေးကတော့လေ...သိပ်အိပ်ပုတ်ကြီးတာပဲ "
ပြောလဲပြော သူ xzရှိရာဆီ ချဥ်းကပ်သွားလိုက်ကာ...မွေ့ယာပေါ်ထိုင်ချလိုက်ပြီး....
"ကျန့်ကျန့် သားလေး...ထတော့လေ"
xzတစ်ယောက် အိပ်မက်ကမ္ဘာထဲမှာ ပူတူးလက်ကိုဆုပ်ကိုင်လို့ ပန်းဥယျာဥ်ကြီးတစ်ခုထဲ လမ်းလျှောက်နေရာက...
တစ်ချက် တစ်ချက် နားထဲတိုးဝင်လာသော ရှောင်ပါးအသံ ခပ်ကျယ်ကျယ်....
"ကျန့်ကျန့် သားလေး ထ တော့....အိပ်ပုတ်ကြီးမနေနဲ့"
သူ မှေးစင်းနေသော မျက်လုံးများအား လက်နှစ်ဖက်ဖြင့် ပွတ်ချေရင်း မျက်မှောင်ကိုကြုံ့လျက် ...
တအင်းအင်း တအဲအဲနဲ့ အသံလာရာဆီ စူးစိုက်ကြည့်မိလေတော့....
သူ့ကို ပြုံးပြနေတဲ့ ရှောင်ပါးရဲ့ ခပ်ဝိုင်းဝိုင်းလမင်းမျက်နှာ ....
"ပါပါး..."
"သားလေး နိုးပြီလား....ဒါဆို ရေချိုး အဝတ်လဲပြီး အောက်ကိုဆင်းခဲ့နော် စားပွဲပေါ်မှာ ပါး မနက်စာပြင်ထားပြီးပြီ"
"ဟုတ်ကဲ့...ဒါနဲ့ ပူတူးရော"
မျက်လုံးနှစ်လုံးပွင့်ပါပြီဆိုကတည်းက သူ တန်းသတိရမိတာ...
ပူတူးလို့ အမည်ပေးထားတဲ့ ထိုသတ္တဝါလေးကိုပါ..."ဟမ်..."
"ပူတူးရောလို့"
သူ ရှောင်ပါးအား အဲ့ဒီလိုမေးလိုက်ပေမယ့်...
အူတူတူပုံစံနဲ့ သူ့ကိုပဲ စိုက်ကြည့်နေသူရှောင်ပါးကြောင့်...စိတ်မရှည်စွာ စုတ်တစ်ချက် သပ်လိုက်ရင်း...
စိုးထိတ်နေတဲ့မျက်လုံးအစုံနဲ့ အခန်းထဲရှိ.....
ကုတင်ပေါ်,ကုတင်အောက်,ရေချိုးခန်း,အိမ်သာပါမကျန်....
တစ်တောက်တောက်နဲ့ လှည့်ပတ်ရှာဖွေနေလေတော့သည်...
YOU ARE READING
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)
FanfictionZhanyi