PART 21

457 48 0
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

...21...

သစ်ရွက်စိမ်းလူသားတိုင်းပြည်ရဲ့ မြေအောက်အကျဥ်းခန်းအတွင်း မှောင်ရိပ်ကိုအားပြုကာ...တဖျက်ဖျက် လှုပ်ရှားနေတဲ့ အနက်ရောင်ပုံရိပ်တစ်ခု...

ထုံစံအတိုင်းသူ့ရဲ့ဦးတည်ရာက သိန်းငှက်လူသားဘုရင်ရဲ့ အကျဥ်းခန်းဆီကိုဖြစ်သည်....

ဂျောက်....ဒက် ဒက်...

အခန်းတွင်း လှိမ့်ဝင်လာတဲ့ ကျောက်တုံးလေးကြောင့်

သိန်းငှက်ဘုရင်ကြီးလဲ ထိုကျောက်တုံးလေးအနား ဖြေးလေးစွာ ချဥ်းကပ်ရင်း

ကျောက်တုံးမှာပတ်ထားတဲ့စာရွက်ဖြူလွလွကိုဖွင့်ဖောက်ကြည့်လိုက်သည်....

သူထင်မိတာက...ဒီတစ်ခါပစ်ပေးတဲ့ကျောက်တုံးဟာ အရင်ကျောက်တုံးတွေထက် နှစ်ဆ သုံးဆ မက ပိုကြီးနေသလားပေါ့....

✍ အရှင်...

ဒီအကျဥ်းခန်းရဲ့ညာဘက်ထောင့်စွန်းမှာ လျို့ဝှက်တံခါးပေါက်တစ်ခုရှိပါတယ်

ယခု ကျွန်တော်မျိုးပေးသော ကျောက်ခဲဖြင့် ထိုတံခါးအား သုံးချက်တိတိ အားပါပါနဲ့ ပစ်ပေါက်ပေးပါ

တံခါးပွင့်လာပြီဆိုတာနဲ့ ဥမင်လှိုဏ်ခေါင်းတစ်ခုကိုတွေ့ပါလိမ့်မယ်

ကျွန်တော်မျိုးကိုယ်တိုင် စီမံထားတဲ့ လျို့ဝှက်ဥမင်လှိုဏ်ခေါင်းမို့ စိတ်အေးအေးနဲ့ အဆုံးထိ ဖြတ်လျှောက်သွားပါ

လှိုဏ်ခေါင်းဆုံးတာနဲ့ သိန်းငှက်တိုင်းပြည်ရဲ့ နယ်စပ်ကိုအရှင်ရောက်သွားပါလိမ့်မယ်

ဘေးကင်းပါစေ...

                               အရှင့်ရဲ့ကျွန်ယုံတော်✍

ဒီတစ်ကြိမ်တွင်တော့ သိန်းငှက်ဘုရင်ကြီးတစ်ယောက်....

စက္ကူကို ဆီမီးခွက်ထဲ ထည့်ကာ မီးရှို့ရင်းက အသံထွက်သည်အထိ တဟားဟား အော်ရယ်ပစ်လိုက်လေတော့သည်...

(ကျုပ် သွေးကြွေးပြန်လာဆပ်ခိုင်းမယ့်နေ့ကို ကြောင့်ကြစွာနဲ့ စောင့်နေလိုက်ပါ အမျိုးယုတ်သစ်ရွက်စိမ်းဘုရင်....)

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now