PART 4

931 67 0
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

....4....

သူတို့ရဲ့တစ်ခုတည်းသော ထူးရှားစွမ်းအင်ကဘာလဲဆိုရင်...

အသက်ဆယ့်ခြောက်နှစ်ပြည့်ပြီးလို့ ကြင်ယာတော်နဲ့တွေ့ဆုံပြီးတဲ့အခါ...

သူတို့ကို လူသားတွေအန္တရာယ်မပေးနိုင်အောင် ခန္ဓာကိုယ်ကို လိုသလို ပုံသွင်းယူနိုင်ကြတာပဲ....

နောက်...သူတို့မှာ ချီးမွှန်းဂုဏ်တင်ရလောက်တဲ့ အကျင့်ကောင်းတစ်ခုလဲရှိသေးတယ်...

အဲ့တာကဘာလဲဆိုရင်..သစ်ရွက်စိမ်းလူသားတွေဟာ...
လူသားကိုဖြစ်စေ သူတို့နဲ့မျိုးတူကိုဖြစ်စေ...
ချစ်ခင်စုံမက်မိကြတဲ့အခါ....

သူတို့ရဲ့နှလုံးသားကို အဲ့ဒီတစ်ယောက်တည်းပေါ်မှာပဲ သေတစ်ပန် သက်တစ်ဆုံး အပ်နှင်းထားတတ်ကြတယ်...

ပြောရရင် တစ်ပွင့်တည်းသာပန်တတ်ကြတဲ့ မြင့်မြတ်တဲ့သတ္တဝါမျိုးနွယ်စုတစ်ခုပေါ့....

"သူက ဘယ်ကနေ ဘယ်လိုအိမ်ပေါ်ရောက်နေတာလဲ ကျန့်ကျန့်"

သူမ xzအား ထိုင်ခုံတစ်ခုပေါ်သို့ ချပေးလိုက်ကာ...
သူမ ပါ သူနဲ့အတူလိုက်ထိုင်ပြီး ထိုကဲ့သို့ မေးလိုက်ခြင်းဖြစ်သည်...

"ဟို....ဟို....အဲ့တာက ဟိုနေ့က ဘဲဥယေးကနေ ပေါက်ယာတာပါ မာမား"

ရှောင်ဖိုင်ဖိုင်တစ်ယောက် xzနဲ့ သစ်ရွက်စိမ်းလူသားလေးကို တစ်လှည့်စီကြည့်ရင်း....

တစ်စုံတစ်ခုအား လေးလေးနက်နက်စဥ်းစားနေလိုက်သည်....

(တလက်လက် ထ နေတဲ့ အမွှေးအမျှင်တွေနဲ့ မျက်နှာအချိုးအစားကိုကြည့်ရင် ...
ဒီကောင်လေးက မင်းအမျိုးအနွယ်က ဖြစ်ဟန်တူတယ်

သစ်ရွက်စိမ်းလူသားတွေက သူတို့ ဘုရင့်မျိုးနွယ်ပြတ်သုဥ်းမှာစိုးလို့ ...

မင်းမျိုးသာ ဖြစ်နေပါစေ...
ညီအစ်ကိုရင်းချာက မွေးတဲ့ သားသမီးဆိုရင်တောင် ဂရုစိုက်ခြင်းအလျဥ်းမရှိ ....
မောင်နှမချင်း လက်ဆက်ပေးတဲ့ ဓလေ့ရှိကြတယ်...

ဒါဆိုရင် ဒီကောင်လေးက ဘာအပြစ်မှမရှိတဲ့ငါ့ချစ်သူကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့ ဟိုရှင်ဘုရင်နဲ့ တစ်နည်းမဟုတ် တစ်နည်း တော်စပ်နေမှာပဲ....

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now