PART 9

723 66 1
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

....9....

"အို...ကျွန်မက ဒီတိုင်းပြည်ရဲ့ မိဖုရားခေါင်ကြီးပဲဟာ.....
ဒီတိုင်းပြည်အကြောင်း ကျွန်မ မသိတာဘာမှမရှိဘူး..."

သူမ စကားကြောင့် တစ်ယောက်မျက်နှာတစ်ယောက်လှမ်းကြည့်လိုက်ကြသော ဘုရင်ကြီးနဲ့yibo. ..

"ဟုတ်ပါပြီ ဒါနဲ့ နှမတော်ရဲ့ ကျန်းမာရေးအခြေအနေကရော...."

"ကျွန်မ ကျန်းမာရေးကဖြင့် ဝမ်လေးရောက်လာတာနဲ့ ယူပစ်သလိုကို ပျောက်သွားတာ
ဘာဆေးမှထပ်သောက်စရာမလိုတော့ဘူး...."

"အမယ်...ငါ့သားတော် တယ်စွမ်းပါလား"

"အာ...ခမည်းတော်ကလဲ....မယ်မယ်က သားကို သတိရတဲ့စိတ်နဲ့ မစားနိုင်မသောက်နိုင်ဖြစ်တာပါ....
ကျန်တဲ့ဘာရောဂါမှမရှိပါဘူး...ဒါ့ကြောင့် ချက်ချင်း ထူထူထောင်ထောင်ဖြစ်လာတာပေါ့....."

"ဟုတ်ပါ​ပြီ ဟုတ်ပါပြီ...ဒါနဲ့ အမြုတေရော သား.......
အဲ့အမြုတေက ခမည်းတော်တို့တိုင်းပြည်ကို ကာကွယ်ပေးမဲ့ တစ်ခုတည်းသော လက်နက်ပဲ ....
သား သေချာစောင့်ရှောက်ရဲ့လား...."

ဘုရင်ကြီးရဲ့ပြောစကားကြောင့်....yiboတစ်ယောက် ဗိုက်ထဲရှိ အမြုတေအား ခံတွင်းမှနေတစ်ဆင့် ထုတ်ယူလိုက်ကာ..ဘုရင်ကြီးဆီကမ်းပေးရင်း....

"သူလဲ လုံခြုံခဲ့ပါတယ် ခမည်းတော်"

"အင်း ဘယ်အချိန်လာမယ်မှန်းမသိတဲ့ အန္တရယ်အတွက် တို့တွေပြင်ဆင်ထားကြရမယ်"

yibo လှမ်းပေးလာသော အမြုတေလုံးလေးအား လက်ဖြင့်သေသေချာချာကိုင်ရင်း ထိုကဲ့သို့ လေးလေးနက်နက်ပြောလာတဲ့ သစ်ရွက်စိမ်းလူသားဘုရင်ကြီး....

ထို့နောက် လွမ်းဆွေးနေသည့် အသံခပ်ဝဲဝဲဖြင့်....

"သားတော်ကြီးနှစ်ပါးသာ သွေးစည်းညီညွတ်ပြီး အခုချိန်ထိ သက်ရှိထင်ရှားရှိနေခဲ့အုံးမယ်ဆိုရင်...
တို့ရဲ့ သစ်ရွက်စိမ်းတိုင်းပြည်ကြီးလဲ အခုလိုမျိုး...
စိုးရွံ့ထိတ်လန့်မှုတွေနဲ့ ရှင်သန်နေ​ရမှာမဟုတ်ဘူး"

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now