PART 42

388 34 1
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

...42...

သို့နှင့် သူတစ်မြို့လုံးက နာမည်ကြီးhotelတွေဆီ လျှောက်ရှာလိုက်တာ လူကဟောဟဲစိုက်ပြီး ချွေးတွေလဲဒီးဒီးကျ

ငှားလိုက်တဲ့taxiတွေကလဲ ညဥ့်နက်နေပြီမို့ အကြာကြီးမစောင့်နိုင်ဘူးဘာညာနဲ့ ကြေးတွေ ပိုတောင်းဆိုတော့

ယူလာတဲ့ပိုက်ဆံက taxiခနဲ့ပင် ကုန်လုကုန်ခင် အခြေအနေ ရောက်နေပြီဖြစ်သည်။

(ဒါ နောက်ဆုံးhotelပဲ ဘုရားသိကြားမလို့ သူတို့တွေ ဒီhotelမှာရှိနေပါစေ)

စိတ်ထဲမှရေရွတ်ရင်း ကောင်တာက ဝန်ထမ်းမလေးများထံ မေးမြန်းကြည့်မိတော့

"ခဏလေးနော် ရှာပေးပါ့မယ်....ဟုတ်ကဲ့ တွေ့ပါပြီ....
အကိုပြောတဲ့ ယွိထုံဆိုတာနဲ့တော့ စာရင်းမပေးထားပါဘူး
wang yiboဆိုတဲ့နာမည်နဲ့ နှစ်ယောက်ခန်း တစ်ခန်းယူထားပါတယ်"

xiao zhanတစ်ယောက် ခုမှပဲ သက်ပြင်းချပြီး ရဲရဲပြုံးနိုင်တော့သည်။

"ဒါဆို သူတို့အခန်းက နံပါတ်ဘယ်လောက်လဲ သိလို့ရမလား"

သူ့စကားကြောင့် စူးစမ်းလိုသည့်အကြည့်တို့ဖြင့် မော့ကြည့်လာကြသည့် ထိုမိန်းကလေးနှစ်ဦး

"ဒီက အကိုက ဘာအရေးကြီးကိစ္စများရှိနေလို့လဲ...
တစ်ခြားသူရဲ့privacyမို့ အရေးမကြီးရင် မနက်မှပြန်လာခဲ့ပါလားရှင့်"

xaio zhanတစ်ယောက် အကြပ်ရိုက်သွားရာမှ ချက်ချင်းပဲ ခေါင်းသုံးလိုက်ပြီး.....

"ကျွန်တော်ဘယ်လိုပြောရမလဲ...ဒီလိုဗျာ....
သူတို့တွေက မှောင်ခိုပစ္စည်းတစ်ခုခု ရောင်းဝယ်ဖို့လုပ်နေကြတာ
အဲ့တာကို ကျွန်တော်တို့ရဲတပ်ဖွဲ့က သက်သေအနေနဲ့ သူတို့မသိအောင် မှတ်တမ်းယူပြီး အယူခံဝင်ရမှာမို့ပါ..
ကျွန်တော်က ဒုရဲအုပ်တစ်ယောက်ပါ...မယုံရင်ဒါကိုကြည့်နိုင်ပါတယ်"

ပြောရင်း xiao zhanတစ်ယောက် ပြတိုက်ရဲ့visaကဒ်ကို လစ်ကနဲ အယောင်ဆောင်ထုတ်ပြလိုက်ပြီး

သူ့ ဘောင်းဘီအိတ်ကပ်ထဲ လျင်မြန်စွာ ပြန်ထည့်ကာ

"အခု သိပြီဆိုတော့ ကျွန်တော်တို့နဲ့ပူးပေါင်းပါဝင်ပေးဖို့ အကူညီတောင်းချင်ပါတယ်"

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now