Unicode
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်
...62...
"ဟင်...ငါ့အဆောင်...ငါ့အဆောင်ရော.."
ဘေးနားများပြုတ်ကျနေသလားဟူသော အတွေးနဲ့ ဟိုလှည့် ဒီလှည့် မူးနောက်နေအောင် ရှာဖွေပါသော်လည်း
သူမ နန်းဆောင်ရှေ့မှာ ပြတ်ကျကျန်ခဲ့တဲ့ ဘုရားဆင်းတုတော်လေးကတော့ သူမ ရှေ့တော်မှောက်သို့ ရောက်မလာခဲ့ပါ...
"အခု ငါ့ခန္ဓာကိုယ်ကို ငါပြန်ယူလို့ရပြီမလား"
တစ္ဆေသရဲ မမြင်ဖူးတဲ့သူချင်းအတူတူ
ဒေဝီနဲ့ အချေအတင်ဖြစ်နေတဲ့ ဝမ်ချင့်ဝိညာဥ်ကို
yiboနဲ့xiao zhanအပါအဝင် လူဆိုးတွေရော တိုင်းသူပြည်သားအားလုံးပါ မှင်သက်ကြည့်နေမိကြသည်။
သူတို့ဘဝမှာ တစ်ခါမှ မမြင်မတွေ့ဖူးတဲ့ အထူးဆန်းဆုံးကိစ္စကြီးတစ်ခုအနေနဲ့ပေါ့
"လုံးဝပဲ...ဒါကငါပိုင်တာ ဒီခန္ဓာ ဒီအလှတရားတွေအားလုံးက ငါပိုင်တဲ့အရာတွေ..."
ဂယောင်ခြောက်ချားဖြစ်နေတဲ့ ဒေဝီဟာ
ပွင့်ဖတ်လေပွေထဲ အမြုတေ ရှာနေတဲ့ သူမ လက်ကို ဆွဲထုတ်ပြီး....
အရံသင့်ကိုင်ဆောင်ထားတဲ့ ဓားရှည်ကို လက်နှစ်ဖက်အားနဲ့ထိန်းလျက်
အလုံးအထည်မရှိသော ဝမ်ချင့်ဝိညာဥ်ကို
လွှားကနဲ လွှားကနဲ ရူးရူးမိုက်မိုက် လိုက်ခုတ်နေပါတော့သည်။
သူမ ခုတ်ချက်တိုင်းက ဝမ်ချင့်ကို မထိနိုင်ဘူးဆိုတာ ပြေးကြည့်စရာပင်မလို..
ဟိုက ရုပ်နဲ့ကွဲကာနေတဲ့ နာမ်တစ်ခုလေ
နာတာကြင်တာတွေကို သိနိုင်ခံစားနိုင်တဲ့ အသွေးအသားမှမရှိပဲ......
"အား....ထွက်သွား နင်ထွက်သွား..."
ဝှီး...ဝှီး....
သူမရဲ့ ဓားချက်တွေကို ဟိုယိမ်း ဒီယိမ်းနဲ့ ရှောင်လွှဲနေတဲ့ အငွေ့သပ်သပ် ဝမ်ချင်ဟာ
ကမူးရှူးထိုးဖြစ်နေတဲ့ဒေဝီနဲ့ မျက်လုံးချင်းဆုံအောင် စောင့်ပြီး ဆုံပြီဆိုတာနဲ့
YOU ARE READING
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)
FanfictionZhanyi