PART 12

616 68 4
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်🖤

...12...

"ဟင်...ဒါ..ဒါ...လနတ်သားပဲ"

"ကျုပ်တို့တွေ နတ်သဘင်အစည်းအဝေးမှာ တစ်ခါပဲဆုံခဲ့ဖူးတာဆိုပေမယ့် ...
မိဖုရားကြီး ကျုပ်ကိုမှတ်မိနေသေးလို့ ဝမ်းသာရပါတယ်..."

"မောင်တော်တို့ဘက်က သူ ကူတိုက်ပေးခဲ့လို့သာ ဒီစစ်ပွဲနိုင်ရတာ နှမတော်...
ဒါ့ကြောင့် ကျွေးမွေးဧည့်ခံရအောင် သစ်ရွက်စိမ်းတိုင်းပြည်ကိုခေါ်လာခဲ့တာ"

ကြားလိုက်ရသော သစ်ရွက်ဘုရင်ကြီး၏ ထိုစကားသံကြောင့်....

လနတ်သားတစ်ယောက် ဘုရင်ကြီးဘက်သို့ စောင်းငဲ့ကြည့်လိုက်ပြီး...

"မိဖုရားကြီးရဲ့သစ္စာတန်ခိုးကြောင့် သိကြားမင်းက ကျုပ်ကို စစ်ကူလွှတ်လိုက်တဲ့သဘောပါ.....
တကယ်တမ်း ကျေးဇူးတင်သင့်တဲ့သူက...
အရှင့်ရဲ့ဇနီး ဟောဒီ့ကမိဖုရားခေါင်ကြီးပါ...အရှင်မင်းကြီး"

"ဟုတ်ပါပြီ..ဟုတ်ပါပြီ....ဘာပဲဖြစ်ဖြစ် လနတ်သားက ကျွန်မတို့ကို ကူညီပေးခဲ့တာပဲလေ
ဒီတော့ ကျေးဇူးဆပ်တဲ့အနေနဲ့ လနတ်သားအတွက် စားသောက်ပွဲတစ်ခုကျင်းပ ပေးချင်ပါတယ်.....
စိတ်မရှိဘူးဆိုရင် ကျွန်မ ကမ်းလှမ်းချက်ကို လက်ခံပေးပါ....အရှင်လနတ်သား"

"ကျုပ်သဘောတူပါတယ် မိဖုရားကြီး...."

ဒီလိုနဲ့ စားသောက်ပွဲကျင်းပ နေတဲ့အချိန်....

ဘုရင်ကြီး,မိဖုရားကြီးနဲ့ လနတ်သားတို့....ထွေရာလေးပါး ပြောဆိုဆွေးနွေးကြရင်း ....

သစ်ရွက်စိမ်းတိုင်းပြည်အတွက် ရှင်ဘုရင်ရာထူး ဆက်ခံမယ့်သူ မရှိတာကို လနတ်သား ကြားသိလိုက်ရလေတော့....

"တကယ်တော့ ကျုပ်အခုလာရတာ အဲ့ဒီကိစ္စအတွက်လဲ တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ် အရှင်မင်းကြီး"

ဘုရင်ကြီး-"ဘယ်လို..အရှင့်စကားကို ကျုပ်နားမလည်ဘူး"

"ဒီလိုပါ....သိကြားမင်းက တာဝတိံသာမှာအရည်အချင်း အရှိဆုံး နတ်သားတစ်ပါးကို....
အရှင်မင်းကြီးတို့ကို လက်ဆောင်အဖြစ် ဆက်သဖို့ အမှာတော်ပါးလိုက်ပါသေးတယ်....
ပြည်သူပြည်သားတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံလွန်းနဲ့ ဇနီးမောင်နှံမို့လို့ပါတဲ့...."

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now