PART 55

315 29 3
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

.....55.....

ဘုတ်....အာ့

တိုးတိုက်ခံလိုက်ရတဲ့ မြန့်မြန့်တစ်ယောက် မြေပေါ် ဘုတ်ကနဲ လဲကျသွားသလို

သူမ လက်ထဲရှိ ပန်းခြင်းလေးဟာလဲ သူမရဲ့ဘေးမှာ မှောက်ခုံအနေအထားနဲ့....

ခြင်းထဲက ပန်းတွေခမျာ မြက်ခင်းပြင်ပေါ် ပြန့်ကျဲလို့....

"အကို...ဘာလုပ်လိုက်တာလဲ"

မြန့်မြန့်ကိုပြေးထူးရင်း မျက်မှောင်ကြုံ့ကာ ဒေါသချောင်းချောင်းထွက်နေသည့် xiao zhanအား မော့ကြည့်လို့ ထိုသို့ မေးလာတဲ့yibo. ...

သူ့ရင်ခွင်ထဲက ကောင်မလေးကတော့ မသိနားမလည်တဲ့ မျက်ဝန်းတွေနဲ့

xiao zhanကို ကုတ်ချောင်းချောင်းလေးလှမ်းကြည့်ရင်းပေါ့...

"မင်းမမြင်ဘူးလား တွန်းလှဲလိုက်တာလေ"

"အကို....."

ဒေါသသံစွက်ကာ ခေါ်လိုက်တဲ့ နာမ်စားကို အကိုက သဘောမကျသည့်အလား ကျွန်တော့်ကို မျက်လုံးရွဲကြီးတွေနဲ့ လာကြည့်တယ်...

မင်းဘာဖြစ်လို့ ဒီလောက်သည်းသည်းလှုပ်ဖြစ်နေတာလဲဆိုတဲ့ အဓိပ်ပါယျကိုဆောငျနမှေနျး ကျွန်တော် ကောင်းကောင်းရိပ်မိပါတယ်

ဒါပေမယ့် အခုဟာက ဘာအပြစ်မှမရှိတဲ့ ကလေးတစ်ယောက်ကို အကြောင်းမဲ့သပ်သပ် မြေပြင်ပေါ် ယောက်ျားအားနဲ့ တွန်းလွှတ်လိုက်တာလေ...

အကိုဘာဖြစ်နေမှန်း ဘာလို့ဒီလိုလုပ်မှန်း နားကိုမလည်နိုင်တော့ဘူး

သဝန်တိုတယ်ပြောရအောင်ကလဲ ဒီကလေးမက ခုမှဆယ်နှစ်ဝန်းကျင်...

ဟင်းးးးး တော်သေးတာပေါ့ ခြေလက်တွေ ပွန်းပဲ့ကုန်မှဖြင့် သူမိဘတွေနဲ့ ပြဿနာတက်ရချည်ရဲ့...

"ဝမ်ရိပေါ်....ငါမင်းကို ဒဲ့ပဲမေးမယ်...မင်းမိန်းမတွေကိုကြိုက်တာလား ငါ့ကိုကြိုက်တာလား.... ဟမ်..."

"အကို့...ဒါကလေးရှေ့မှာ ပြောသင့်တဲ့စကားလား"

"ဟ....အဲ့ကလေးက မိန်းမတစ်ယောက်ဖြစ်နေလို့ လေကုန်ခံ ပြောနေရတာပေါ့...

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now