PART 57

320 32 0
                                    

Unicode

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်

.....57....

"ကျန့်ကျန့်..."

xiao zhanအား ဆက်မပြောဖို့ မျက်စိပျက်မျက်နှာပျက်နှင့် အတင်းတားနေသည့် ရှောင်ဖိုင်ဖိုင်မှာ အနီးရှိလူအားလုံးကို တော်တော်လေး အားနာနေပုံရသည်။

"ခဏလေး.... ခဏ....xiao zhanဒေါသထွက်နေတာက အန်တီနဲ့ လျန်းမိန့်ဟွာကြောင့်လား ဟုတ်လား သား"

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လို့ ကွေးကျိုးနေတဲ့ မျက်ခုံးလေးတွေက ဇင်ယောင်တောင်အလား

ထိုမျက်ခုံးအောက်က ရဲရဲနီနေတဲ့ မျက်ထောင့်လေးတွေက ဒေါသထွက်နေသည်ကို ညွှန်းဆိုပေမယ့် သူ့နေရာနှင့်သူတော့ စွဲဆောင်နိုင်လွန်းလှသည်။

"တောင်းပန်ပါတယ် အန်တီဝမ်ထယ်မင်...
ကျွန်တော်က wang yiboနဲ့ လက်ထပ်ဖို့ လျာထားခံရသူပါ
ကျေးဇူးပြုပြီး ဒီမိန်းကလေးကို ကျွန်တော့်ယောက်ျားနဲ့ နီးနီးကပ်ကပ်နေဖို့ ခွင့်မပြုပါနဲ့လား....."

စကားကို ခဏရပ်ကာ.... နောက်ထပ်ဖွင့်ဟလာမယ့် စကားလုံးတွေအတွက် အားယူနေတဲ့ xiao zhanကိုကြည့်ပြီး ဝမ်ချင် တော်တော်သဘောခွေ့နေပြီဖြစ်သည်။

သူမ လုပ်ဆောင်ချက်တိုင်းက xiao zhan နံဘေးကို ပိဿလေးနဲ့ထုတာထက် ပိုနာစေတယ်မဟုတ်လား...

စောစောက မြန့်မြန့်ကိုမဟုတ်တမ်းတရားစွပ်စွဲတာဟာလဲ

ခပ်လှမ်းလှမ်းမှာ သူတို့ဆီ လျှောက်လာနေတဲ့ xiao zhanတို့သားအမိကို လှမ်းမြင်လိုက်တာကြောင့်ဆိုတာ သူမကလွဲ၍ ဘယ်သူမှ မသိနိုင်...

"အန်တီတို့ သူတို့နှစ်ယောက် ဒီလိုဖြစ်ပျက်နေတာတွေကို မျက်ကွယ်ပြုနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့သားအမိကို ဒီတိုင်းပြည်ကထွက်သွားခွင့်ပြုပါ"

yiboခေါင်းလေးမတ်လို့ အရည်ရွှမ်းရွှမ်း မျက်လုံးလေးတွေနဲ့ xiao zhanမျက်နှာကိုလှမ်းကြည့်လိုက်ပေမယ့်

xiao zhanကတော့ သူနဲ့မျက်လုံးချင်းဆုံမှာစိုးသည်အလား တစ်ဖက်သို့ မျက်နှာလွှဲထားလေသည်။

ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)Where stories live. Discover now