Unicode
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်
....50....
yibo-"အဲ့ဒီလိုဆို ပြတိုက်ကမှင်စာလေးတွေက ဘာလို့ခုထိ အသက်ရှည်နေကြတာလဲဟင်....ရောင်းစားမခံကြရဘူးလား"
အဖိုးအိုဟာ သူ့အတွက် ဦးရဲကြီးယူလာပေးသော ရေသန့်ခွက်လေးအား တစ်ငုံယူသောက်လိုက်ပြီး
ကျွန်တော့်အမေးစကားကို ပြန်ဖြေခဲ့တယ်။
"နီရဲစွတ်ဆိုနေတဲ့ အသီးတစ်လုံး ကိုယ့်လက်ထဲမှာရောက်နေမှတော့ ဘယ်သူက မစားချင်ပဲနေပါ့မလဲ
သို့ပေမယ့် အဲ့ဒီအသီးဟာ မစားကောင်းတဲ့ ကျီးအာသီးဖြစ်နေတော့ စားချင်တယ်ဆိုရင်တောင်မှ တစ်ခြားအသီးတစ်လုံးပြောင်းလဲ စားရတာပေါ့"
"အဖိုးဆိုလိုချင်တာက..."
xiao zhan အမေးစကားအား အဖိုးအိုအစား ဦးရဲကြီးမှ ဖြေပေးလိုက်သည်။
"ပြတိုက်မှာရောက်နှင့်ပြီးသား သတ္တဝါတွေကိုတော့ သူတို့ဘယ်လိုမှရောင်းလို့မရခဲ့ဘူး...
ဘာလို့ဆို စာချုပ်ရဲ့အစွမ်းက မှင်စာသတ္တဝါတွေကို ရောင်းမယ်ကြံတာနဲ့
တစ်တိုင်းပြည်လုံး ရုတ်ချည်း ရေတွေကြီးရင်ကြီး
မဟုတ်ရင် ဆန်းကြယ်တောက နတ်သားရဲတွေလာပြီး ကျွန်တော်တို့တစ်မြို့လုံးကိုဖျက်ဆီးတော့တာ
အဲ့ထဲမှာ ဒုက္ခအခံရဆုံးကတော့ မှင်စာတွေကို ရောင်းဖို့ကြံနေတဲ့သူတွေပေါ့....
အဲ့လိုနဲ့ နောက်ဆုံး ဘယ်လိုမှ မတတ်သာတော့
သူတို့တွေ ပြတိုက်ကသတ္တဝါတွေအစား
ဆန်းကြယ်တောရဲ့လူသားဧရိယာထဲ နယ်ကျွံလာတဲ့ မှင်စာတွေကို ဖမ်းဆီးရောင်းချဖို့ဆုံးဖြတ်လိုက်ကြတယ်
အဲ့ဒီလိုလုပ်လာရင်းက စာချုပ်ကိစ္စဟာ တစ်စတစ်စနဲ့ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုဖြစ်လာခဲ့သလို
ပြတိုက်ကိုလက်ဆင့်ကမ်းဝယ်လာတဲ့သူတွေဟာလဲ
တစ်ယောက်တစ်လေမှ ပြတိုက်မှာရှိတဲ့နတ်မှင်စာတွေကို လက်ဖျားနဲ့မထိရဲကြတော့ဘူး
သူတို့ဘိုးဘေးဘီဘင်တွေရဲ့ "စာချုပ်ကနတ်ကြီးတယ်"ဆိုတဲ့ အမှာစကားကြောင့်ဆိုလဲ မမှားဘူးပေါ့
YOU ARE READING
ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်[ကမ္ဘာကြီးလောက်ချစ်ပြီးတဲ့နောက်](Completed)
FanfictionZhanyi